ထိုင်ဝမ်တွင် ပရိတ်သတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲလုပ်သွားမည့် ကင်ဆိုဟွန်း

ထိုင်ဝမ်တွင် ပရိတ်သတ်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပွဲလုပ်သွားမည့် ကင်ဆိုဟွန်း

ဆိုးလ်၊ မတ် ၁၉ ။               ။ တောင်ကိုရီးယားမင်းသမီး ကင်ဆိုဟွန်းသည် ဧပြီ ၉ ရက်တွင် ထိုင်ဝမ်မြို့တော် တိုင်ပေ၌ ပရိတ်သတ်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ  Sidus HQ က မတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ကင်ဆိုဟွန်းသည် ၂၀၀၈ ခုနှစ်က အနုပညာလုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့သည့် အချိန်မှစ၍ ပရိတ်သတ် တွေ့ဆုံပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး  ကွဲပြားခြားနားသော ကဏ္ဍများဖြင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

“ကင်ဆိုဟွန်း မနှစ်က ဓာတ်ပုံရိုက်ဖို့ ထိုင်ဝမ်ကို သွားတုန်းက ထိုင်ဝမ်ပရိတ်သတ်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ ကိုရီးယားပရိတ်သတ်တွေကတော့ စိတ်ပျက်နေမယ်လို့ ကျွန်မတို့ ထင်တယ်။ ဒါပေမဲ့ ကိုရီယားနိုင်ငံမှာလည်း ပရိတ်သတ် တွေ့ဆုံပွဲ လုပ်သွားမယ်လို့ ကတိပေးပါတယ်” ဟု အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက် ၁၆ နှစ်အရွယ်ရှိ မင်းသမီး ကင်ဆိုဟွန်းသည် ကိုရီးယားနိုင်ငံတွင် လူကြိုက်အများဆုံး ဆယ်ကျော်သက် သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး  ကင်ဆိုဟွန်းသည် အထူးသဖြင့်  KBS2 ရုပ်သံ၏ ဆယ်ကျော်သက် ရုပ်မြင်သံကြား ဒရမ်မာဇာတ်လမ်းတွဲ “Who Are You: School 2015” ဖြင့် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့သည်။

ကင်ဆိုဟွန်းသည် ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်လွှင့်ပြသခဲ့သော “Unforgettable” ဇာတ်ကားတွင် EXO အဖွဲ့ဝင် D.O နှင့်အတူ ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့ပြီး မတ် ၁၄ ရက်က ထုတ်လွှင့်ပြသခဲ့သော “Nightmare Teacher” ဒရမ်မာဇာတ်ကားတွင် ကင်ဆိုဟွန်း ၏ သရုပ်ဆောင်မှုကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly