ဂီတဖျော်ဖြေပွဲသို့ မက်ဒေါနား နှစ်နာရီကျော် နောက်ကျ၍ ပရိသတ်များ ဒေါသထွက်

ဂီတဖျော်ဖြေပွဲသို့ မက်ဒေါနား နှစ်နာရီကျော် နောက်ကျ၍ ပရိသတ်များ ဒေါသထွက်

ပေါ့ပ်ကြယ်ပွင့် မက်ဒေါနား (Madonna) သည် သြစတြေးလျနိုင်ငံ Brisbane ရှိ သူ၏ ဂီတဖျော်ဖြေပွဲသို့ သတ်မှတ်ချိန်ထက် ၂ နာရီကျော် နောက်ကျပြီးမှ ရောက်လာခဲ့ရာ အံ့သြဖွယ်ကောင်း လောက်အောင် အထက်စီးဆန်ကြောင်း ဝေဖန်ခံခဲ့ရသည်။

ဒေါသထွက်သွားကြသော ပရိသတ် ရာပေါင်းများစွာသည် ဂီတဖျော်ဖြေပွဲကို မကြည့်ကြတော့ ဘဲ ပြန်အမ်းငွေကို ရယူခဲ့ကြသည်။ မက်ဒေါနားမှာ Brisbane ဖျော်ဖြေရေး စင်တာသို့ ဒေသစံတော် ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် ရောက်လာခဲ့သည်။

မက်ဒေါနားက သူသည် နောက်ကျလေ့မရှိကြောင်းနှင့် “ရှင်တို့တွေ ဒီကို စောပြီး ရောက်နေကြ တာက ပြဿနာပါ” ဟု နောက်ပိုင်းတွင် ဟာသနှော၍ ပြောခဲ့သည်။

ဖျော်ဖြေပွဲကျင်းပရာ နေရာမှာ Brisbane မြို့လယ်နှင့် ၁၂ မိုင်ခန့် ဝေးကာ၊ မြို့လယ်သို့ သွားသည့် နောက်ဆုံးရထားမှာ သန်းခေါင်ကျော်ကာစ အချိန်တွင် ထွက်ခွာလေ့ ရှိသည်။ ဖျော်ဖြေပွဲမှာ နောက်နေ့ နံနက်စော ၁ နာရီခွဲတွင် ပြီးဆုံးခဲ့ရာ ဖျော်ဖြေပွဲ ကြည့်ရှှုခဲ့ကြသည့် ရာပေါင်းများစွာသော ပရိသတ်များမှာ တက်စီငှားရန်အတွက် လူတန်းရှည်ကြီးတွင် ဝင်ရောက် တန်းစီခဲ့ကြရသည်။

“အရမ်းနောက်ကျပြီးမှ ပြန်ရတာမို့ နောက်ဆုံးရထားကို လွတ်ပြီး နေထွက်လာသည်အထိ အဲဒီနေရာမှာ သောင်တင်နေပါတော့တယ်” ဟု တွစ်တာ စာမျက်နှာတွင် Louise Mac က ရေးသား ခဲ့သည်။ မက်ဒေါနားကိုလည်း “မင်းရဲ့ ပရိသတ်တွေကို ဂရုစိုက်ရဲ့လား” ဟု သူက မေးခွန်းထုတ် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly