ဂရိနိုင်ငံ ကုလသမဂ္ဂ ခရီးစဉ်အတွင်း ဆီးရီယား ဒုက္ခသည်ကလေးများကို နှစ်သိမ့် အားပေးခဲ့တဲ့ ဂျိုလီ

ဂရိနိုင်ငံ ကုလသမဂ္ဂ ခရီးစဉ်အတွင်း ဆီးရီယား ဒုက္ခသည်ကလေးများကို နှစ်သိမ့် အားပေးခဲ့တဲ့ ဂျိုလီ

နယူးယော့ခ်၊ ။             ။ ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရံုံး (UNHCR) အထူးသံတမန်အဖြစ် ဂရိနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း နှစ်သိမ့် အားပေးမှုများ ပြုလုပ်ခဲ့သည်။

ဂရိနိုင်ငံအတွင်းရှိ ရွှေ့ပြောင်း ဆီးရီးယားဒုက္ခသည် ထောင်ပေါင်းများစွာကို လူသားချင်း စာနာမှုဆိုင်ရာ အကူညီပေးရေး ဆက်လက်လုပ်ဆောင်သွားမည့် ဂျိုလီကို ပြည်သူများက ကြိုဆို ခဲ့ကြကြောင်းနှင့် ဂျိုလီသည် ငိုကြွေးနေသော ကလေးငယ်ကို နှစ်သိမ့်မှုများ ပေးခဲ့သည်။

အသက် ၄၀ နှစ်အရွယ်ရှိ ဂျိုလီသည် မတ် ၁၆ ရက်အစောပိုင်းက  ပရေးရက်စ်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ယင်းနေ့ အစောပိုင်းက လက်ဘနွန်နိုင်ငံတွင် မြှင့်တတ်လာသော ဒုက္ခသည် အကြပ်အတည်းနှင့် စပ်လျဉ်း၍လည်း  မိန့်ခွန်း ပြောကြားခဲ့သည်။

ဂရိနိုင်ငံသည် အထူးသဖြင့် ဆီရီယားပြည်တွင်းစစ်နှင့် အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရှိ ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုကို ခံစားခဲ့ရကြောင်းနှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ဂရိနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ဒုက္ခသည်များသည် ၁၀၀၀၃၅၇ ဦး ရှိခဲ့ကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်မ ဒီမှာရှိနေတာ UNHCR နဲ့ ဂရိအစိုးရတို့ လုပ်ဆောင်နေတဲ့ ပျက်စီးယိုယွင်းနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေနေ အရေးပေါ် တုံပြန်ဖြေရှင်းမှုတစ်ရပ် ဆောင်ရွက်မှု ကို ဖြည့်တင်းပေးသွားဖို့ ဖြစ်တယ်” ဟု ဂျိုလီက ပြောကြားခဲ့သည်။

“ကျွန်မ အခြေနေတွေ တိုးတတ်ကောင်းမွန်စေဖို့နဲ့ ထိခိုက်ခံစားလွယ်သူများကို ကာကွယ် စောင့်ရှောက်ရေးတို့ကို လုပ်ဆောင်ဖို့ ကွင်းဆင်းလုပ်ဆောင်နေတဲ့ အာဏာပိုင်များ၊ မဟာမိတ်များနဲ့ စေတနာဝန်ထမ်းတွေနွဲှ တွှေဆုံဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဂျိုလီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly