Glastonbury Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေသွားမည်ဟု အဒဲလ် ပြော

Glastonbury Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေသွားမည်ဟု အဒဲလ် ပြော

နယူးယော့ခ်၊ မတ် ၁၉ ။            ။ ပေါ့ကြယ်ပွင့် အဒဲလ်က ယခုနှစ် Glastonbury Festival တေးဂီတပွဲတော်တွင် ဖျော်ဖြေသွား မည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

အဒဲလ်သည် မတ် ၁၈ ရက်ညက လန်ဒန်မြို့ O2 အားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွင်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဂီတ ပွဲစီစဉ်သူများက ယင်းသတင်းကို အတည်ပြုခဲ့သည်။

“ယခုနှစ် Glastonbury တေးဂီတပွဲတော်ကို ဘယ်သူသွားမှာလဲ။ အဲ့ဒီမှာ ခင်ဗျားတို့ကို မြင်တွေ့ချင်ပါတယ်။ ကျွန်မ တေးဂီတပွဲတော်မှာ ရှိနေမှာပါ။ ကျွန်မ ဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေသွား မှာပါ” ဟု အဒဲလ်က ပြောကြားခဲ့သည်။

“ကျွန်မ မနှစ်က တေးဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ အသံသွင်းမှုဟာ အချိန်မှီ မပြီးခဲ့တဲ့အတွက် ပါဝင်ဖျော်ဖြေလို့ မရခဲ့ဘူး။ ကျွန်မ မနှစ်က ဂီတပွဲတော်မှာ ပါဝင် ဖျော်ဖြေချင်တယ်။ ဒါပေမဲ့ အသံသွင်းမှုက အဆင့်သင့် မဖြစ်ခဲ့ဘူး” ဟု အဒဲလ်က ပြောကြား ခဲ့သည်။

ယခုနှစ် တေးဂီတပွဲတော်တွင် ရော့ခ်တေးဂီတအဖွဲ့ Muse နှင့် ရော့ခ်တေးဂီအဖွဲ့ Coldplay သည် ဇွန် ၂၄ နှင့် ၂၆ ရက်တို့တွင် အသီးသီ ဖျော်ဖြေသွားမည်ဖြစ်သည်။ Glastonbury တေးဂီတ ဖျော်ဖြေပွဲကို ဇွန် ၂၂ ရက်မှ ၂၆ ရက်အထိ ဆိုမာဆက်ခရိုင်  Worthy Farm တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။

အဒဲလ်၏ မကြာသေးမီက ထွက်ရှိခဲ့သော “25”တေးသီချင်းအယ်လ်မ်သည် ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ ၁၉ သန်းကျော် ရောင်းချခဲ့ရပြီး လက်ရှိအချိန်တွင် ဗြိတိန် တေးအယ်လ်ဘမ်ဇယား၌ နံပါတ် တစ်နေရာမှ ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly