အလှမယ် ခြူးစစ်ဟန် လူငယ် သံတမန် Youth Ambassador Of Earth Hour အဖြစ် ခန့်အပ်ခြင်း ခံရ

အလှမယ် ခြူးစစ်ဟန် လူငယ် သံတမန် Youth Ambassador Of Earth Hour အဖြစ် ခန့်အပ်ခြင်း ခံရ

ရန်ကုန် ၊ မတ်လ ၁၈ ။         ။ Face Of Myanmar 2015 အလှမယ် ခြူးစစ်ဟန်ကို မြန်မာနိုင်ငံ Youth Ambassador Of Earth Hour အဖြစ် WWF (World Wildlife Fund) ကမ္ဘာ့တောရိုင်း တိရိစ္ဆာန်များ ရန်ပုံငွေ အဖွဲ့အစည်းမှ ဖေဖော်ဝါရီ ၆ရက် ရက် စွဲဖြင့် ခန့်အပ် လိုက်သည်။

WWF (World Wildlife Fund) ကမ္ဘာ့တောရိုင်း တိရိစ္ဆာန်များ ရန်ပုံငွေ အဖွဲ့အစည်းမှ မြန်မာနိုင်ငံတွင် မြေကမ္ဘာ စောင့်ရှောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် သံတမန် Environmental Expert Ambassador အဖြစ် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင် နှင့် လူငယ် သံတမန် Youth Ambassador Of Earth Hour အဖြစ် Face Of Myanmar 2015 အလှမယ် ခြူးစစ်ဟန် တို့ကို ခန့်အပ် လိုက်ခြင်း ဖြစ်သည်။

အလှမယ် ခြူးစစ်ဟန် သည် Miss Golden Land Myanmar အဖွဲ့အစည်းမှ ထိုင်ဝမ်တွင် ကျင်းပ ပြုလုပ်သည့် Face of Beauty International 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ခဲ့သည့် အလှမယ် တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် Face of Beauty International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး Top (15) ဆန်ကာတင် စာရင်းထိ ရွေးချယ်ခြင်း ခံခဲ့ရပြီး Best in Talent Winner ဆုကို ဆွတ်ခူး ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

WWF (World Wildlife Fund) ကမ္ဘာ့တောရိုင်း တိရိစ္ဆာန်များ ရန်ပုံငွေ အဖွဲ့အစည်းမှ ခန့်အပ်လိုက်သည့် သံတမန် နှစ်ဦးသည် WWF-Myanmar နှင့် အတူ မြေကမ္ဘာ စောင့်ရှောက်ခြင်း လုပ်ငန်းများကို ဦးစီး လုပ်ကိုင် ကြရမည် ဖြစ်သည်။

" ညီမကို သူတို့ ကမ်းလှမ်း ထားတာတော့ ညီမ ထိုင်ဝမ် ပြိုင်ပွဲက ပြန်လာ ကတည်းက ကမ်းလှမ်း ထားတာ အခုမှ သူတို့ဘက်က ကြေညာ တာပေါ့နော်။ ညီမ အနေနဲ့ အရမ်းပဲ ဝမ်းသာ မိပါတယ်။ ညီမ လုပ်ချင်နေတဲ့ အကြောင်းအရာလေးလဲ ဖြစ်တယ်။ အခု သူတို့ ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုသင့်ပုံ အကြောင်း ရိုက်ကူး ထားသည့် မှတ်တမ်း ရုပ်ရှင်မှာ ညီမ သံတမန် တစ်ဦး အနေနဲ့ ပါဝင် ထားတယ်။ နယ်ဘက်တွေကိုလည်း ပြည့်ဖြိုးမြဲ စွမ်းအင်ရဲ့ အကျိုးကျေးဇူးတွေကို သူတို့ သိအောင် မျှေ၀ ပေးသွားရမှာပါ။ ညီမ ဘက်ကတော့ အကောင်းဆုံး ကြိုးစား လုပ်ဆောင် သွားမှာပါ" ဟု၎င်းက ပြောသည်။

လက်ရှိတွင် Youth Ambassador Of Earth Hour အဖြစ် အလှမယ် ခြူးစစ်ဟန်သည် WWF-Myanmar နှင့် အတူ  ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုသင့်ပုံ အကြောင်း ရိုက်ကူး ထားသည့် မှတ်တမ်း ရုပ်ရှင်တွင် ပါဝင် အားဖြည့်ပြီး ရာသီဥတု ပြောင်းလဲမှုကို တွန်းလှန်ဖို့ တစ်ဖက် တစ်လမ်းကနေ ကူညီထားခြင်း ဖြစ်သည်။

မှတ်တမ်း ရုပ်ရှင် ကို TV Channel များ နှင့် WWF (World Wildlife Fund) ဖေ့ဘုတ် စာမျက်နှာတွင် မကြာမီ ပြသ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly