ဒရမ်မာဇာတ်ကားတွင် ဖေးမကူညီခဲ့တဲ့ ဆောင်ဂျောင်ကီကို ကျေးဇူးတင်ကြောင်း ဆောင်းဟေဂျို( အွန်စော)ပြော

ဒရမ်မာဇာတ်ကားတွင် ဖေးမကူညီခဲ့တဲ့ ဆောင်ဂျောင်ကီကို ကျေးဇူးတင်ကြောင်း ဆောင်းဟေဂျို( အွန်စော)ပြော

ဆိုးလ်၊ မတ် ၁၇ ။         ။ ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား “Descendants of the Sun”တွင် ခေါင်းဆောင်မင်းသမီး နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်ဟေဂျို(အွန်စော)က  ဒရမ်မာဇာတ်ကားတွင် သရုပ်ဆောင် ရာ၌ ဖေးမကူညီခဲ့တဲ့ မင်းသား ဆောင်ဂျောင်ကီကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်မ “ Full House” ဒရမ်မာဇာတ်ကားမှာ သရုပ်ဆောင်ပြီးတဲ့နောက်ပိုင်း အနုပညာအလုပ် ကို ခေတ္တနားခဲ့တယ်။ အဲ့ဒီနောက်ပိုင်း ဒီလိုဇာတ်ကောင်စရိုက်မျိုးကို သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု အွန်စောက ဆိုးလ်မြို့တွင် မတ် ၁၆ ရက်က ကျင်းပပြုလုပ်သော ဇာတ်ကား သတင်းစာရှင်းလင်းပွဲ ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

“ပထမတုန်းကတော့ ကျွန်မ ဒီဇာတ်ကာင်စရိုက်ကို သရုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မနဲ့အတူ သရုပ်ဆောင်တဲ့ ဆောင်ဂျောင်ကီရဲ့ ကျေးဇူးကြောင့် ဇာတ်ကောင် စရိုက်ကို အလွယ်တကူ သရုပ်ဆောင်နိုင်ခဲ့တယ်” ဟု အွန်စောက ပြောကြားခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ အွန်စောက ၎င်းထက်ငယ်သော အသက် ၃၀ အရွယ် ဆောင်ဂျောင် ကီနှင့် သရုပ်ဆောင်ရာတွင် ကျေနပ်မှုရှိကြောင်း ပြောာကြားခဲ့သည်။

“ကျွန်မထက်ငယ်တဲ့ မင်းသား ဆောင်ဂျောင်ကီနဲ့ သရုပ်ဆောင်တဲ့အခါ ကျွန်မ အရမ်းဂုဏ်ယူမိ တယ်။ ကျွန်မအသက်အရွယ် မင်းသမီးတွေဟာ သူတို့ထက်ငယ် ငါးနှစ်ကျော်ငယ်တဲ့ မင်းသားတွေနဲ့ သရုပ်ဆောင်ကြတယ်။ အဲလိုသရုပ်ဆောင်တဲ့အခါ ကျွန်မတို့ရဲ့ အသက်ကွာဟမှုက သိပ်မသိသာဘူး” ဟု အွန်စောက ပြောကြားခဲ့သည်။

“ရိုက်ကွင်းမှာတော့ ကျွန်မကို အသက်ကြီးတဲ့သူတစ်ယောက်လို့ မှတ်ယူတယ်။ ဒါပေမဲ့ ဆောင်ဂျောင်ကီရဲ့ ခန္ဓာကိုယ်ကြောင့် ကျွန်မထက် အသက်ကြီးတယ်လို့ ထင်ရတယ်။ သူက မကြာ ခဏဆိုသလို နာမကျန်းဖြစ်တယ်လေ။ ဖြစ်နိုင်မယ်ဆိုရင် နောက်တစ်ကြိမ်ကျရင် ကျွန်မ ဆောင်ဂျောင် ကီနဲ့ သရုပ်ဆောင်ချင်ပါသေးတယ်” ဟု အွန်စောက ပြောကြားခဲ့သည်။

“Descendants of the Sun” ဒရမ်မာဇာတ်ကားတွင် မင်းသား ဆောင်ဂျောင်ကီက အထူးစစ် ဌာနချုပ် ခေါင်းဆောင် ယိုဆီဂျင်အဖြစ် သရုပ်ဆောင်ထားပြီး အွန်စောသည် ပြည်ပဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့ ခေါင်းဆောင် Kuang Mo-yeon အဖြစ် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly