ဓာတ်ပုံဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ဂျက်စတင်ဘီဘာအပေါ် တရား စွဲဆိုထားသည့်အမှု ကျေအေးလိုက်ပြီ

ဓာတ်ပုံဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ဂျက်စတင်ဘီဘာအပေါ် တရား စွဲဆိုထားသည့်အမှု ကျေအေးလိုက်ပြီ

နယူးယော့ခ်၊ မတ် ၁၇ ။         ။ ဆယ်ကျော်သက်များ အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာသည် ၂၀၁၂ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ်တွင် ဆလီနာဂိုမက်ဇ်နှင့် ချိန်းတွေ့စဉ် ဓာတ်ပုံဆရာတစ်ဦးကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့မှုနှင့် စပ်လျဉ်း၍  တရားစွဲဆိုထားမှုကို တရားရုံးပြင်ပတွင် ကျေအေးလိုက် ပြီဖြစ်ကြောင်း ဓာတ်ပုံဆရာ၏ အစိုးရရှေ့နေက မတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဓာတ်ပုံဆရာ ဂျိုးစ်အော့စမင်ဟာနန်ဒက်ဇ်ဒူရန်က ကနေဒါပေါ့ကြယ်ပွင့် ဂျက်စတင်ဘီဘာကို ကိုယ်ထိလက်ရောက် ကျူးလွန်မှု နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့တွက် တရားစွဲဆိုခဲ့သည်။ ဓာတ်ပုံ ဆရာက ဘီဘာသည် လော့စ်အိန်ဂျလိစ်မြိ့စွန်ရှိ ဈေးဝယ်စင်တာပြင်ပတွင် ၎င်းအား လက်သီဖြင့်ထိုး ကာ ကန်ကြောက်ခဲ့ကြောင်း တရားစွဲဆွဲမှုတွင် ဖော်ပြထားသည်။

တရားမကြောင်းအရ စစ်ဆေးမှုကို လော့စ်အိန်ဂျလိစ်မြို့တွင် မတ် ၁၆ ရက်တွင် စတင်ရန် စီစဉ်ထားသော်လည်း ဒူရန်၏ရှေ့နေ့က အမှုကို ကျေအေးလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒူရန်က ဂျက်စတင်ဘီဘာ ကားပါကင်မှ ကားမောင်းထွက်လာစဉ် ဓာတ်ပုံရိုက်ခဲ့ရာ ဘီဘာက ကားပေါ်မှဆင်းကာ ၎င်းအားထိုးနှက် ကန်ကြောက်ခဲ့ပြီးနောက် ကားမောင်းထွက်သွားခဲ့ကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

ဘီဘာနှင့် ဆလီနာဂိုမက်ဇ်တို့နှစ်ဦးသည် ပြတ်လိုက်ဆက်လိုက်ဖြစ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် တွင် လမ်းခွဲခဲ့ကြသည်။ လက်ရှိအချိန်တွင် ဘီဘာ၏အသက်သည် ၂၂ နှစ်ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly