မြောင်းမြ အခွန်လွတ်စျေးမြေနေရာ ရဲတပ်ဖွဲ့ ပြန်တောင်း၍ စျေးရောင်းသူများအခက်တွေ့

မြောင်းမြ အခွန်လွတ်စျေးမြေနေရာ ရဲတပ်ဖွဲ့ ပြန်တောင်း၍ စျေးရောင်းသူများအခက်တွေ့

မြောင်းမြ ၊ မတ် ၁၇ ။              ။ မြောင်းမြမြို့ကိုယ်တိုင်ထုတ်လုပ်သူများ အခွန်လွတ်ဈေးမြေနေရာအား မူလပိုင်ရှင်ရဲတပ်ဖွဲ့မှ အဆောက်အဦးဆောက်လုပ်ရန်ပြန်လည်တောင်းဆို သည့်အတွက် အခက်တွေ့နေကြောင်း ဈေးသူဈေးသားများထံမှသိရှိရသည်။

မြောင်းမြမြို့၊ကိုယ်တိုင်ထုတ်လုပ်သူများအခွန်လွတ်ဈေးအား ၂၀၀၁ခုနှစ်တွင် စီမံချက်အဖြစ် မြို့နယ်စည်ပင်ကဆောက်လုပ်ပေးခဲ့ပြီး ယခုအချိန်တွင် နေ့စဉ်ဈေးရောင်းချသူ အယောက် ၅၀၀ကျော်ရှိနေပြီးဖြစ်ကြောင်းသိရသည်။

ဈေးး စည်ပင်သာယာရေးအဖွဲ့သို့မေးမြန်းရာ"မြေနေရာက ကျွန်တော်တို့စည်ပင်မြေမဟုတ်ဘူး ရဲတပ်ဖွဲ့မြေ၊ သူတို့ပြန်တောင်းနေပြီး ၊ စည်ပင်မြေမဟုတ်တော့ ကျွန်တော်တို့ ဖယ်ခိုင်းလိုမရပါဘူး၊   ဈေးဆိုင်တွေ စာရင်းကောက်တာ သူတို့ အမျိုးသားဈေးကိုပြောင်း နေရာလုံလောက်မှုရှိမရှိသိအောင်ပါ"မြောင်းမြမြို့စည်ပင်သာယာမှ တာဝန်ရှိသူမှပြောသည်။

"ဈေးနေရာမရွေ့ချင်ဘူး ကျွန်တော်တို့ရောင်းလာတာကြာပြီး အခု ရွေ့ရရင်အခက်အခဲတွေရှိတယ်၊အခု ဈေးရောင်းရတာ အထိတ်တလန့်နဲ့ရောင်းနေရတယ်"ဟု ဈေးသည်ဦးဖြိုးမြင့်အောင်က ပြောသည်။

"ဈေးစရောင်းတော့ ဌာနညွန်ကြားချက်ဆိုပြီးရောင်းချခဲ့ရတယ်၊အခု လက်ရှိရောင်းနေတာလည်း ဆင်းရဲသားဈေးသည်တွေ သူတို့အသုံးမလိုလိုနှင်ထုတ်တဲ့သဘောမျိုး၊ကျွန်တော်တို့ပြန်ချေပလို့လည်းမရဘူး" ဟု က၎င်း ကပြောသည်။

အခွန်လွတ်ဈေးတွင် ကုန်စိမ်းသည်များ၊ကုန်ခြောက်ဆိုင်၊ အဝတ်အထည်ဆိုင်စားသောက်ကုန်များနှက့် ခြံထွက် လာရောက်ရောင်းချသူများလည်းရှိသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly