နယူးယော့ခ်မြို့ ဂေးများ ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့တဲ့ ကိတ်လန်ဂျန်နာ

နယူးယော့ခ်မြို့ ဂေးများ ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့တဲ့ ကိတ်လန်ဂျန်နာ

စတားပလက်စ် (နယူးယော့ခ်)။ ။ ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်၏ ပထွေးဖြစ်သူ မိန်းမဘဝသို့ ကူးပြောင်းထားသော ကိတ်လန်ဂျန်နာသည် နယူးယော့ခ်မြို့ဂေးများ ဂုဏ်ပြုပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် ၎င်းအား ဂုဏ်ပြုပွဲသို့ တက်ရောက်လာသော LGBT(လိင်တူချင်း စိတ်ဝင်စားသော မိန်းမများ၊ ဂေးများ၊ လိင်တူ လိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသူများ၊ လိင်ပြောင်းထားသူများ) အများစုက ကြိုဆိုနှုတ်ဆက်ကြသည်။

ဂျန်နာသည်  Dream Downtown ဟိုတယ် တွင်ပြုလုပ်သော Jared Needle and Voss Productions ပါတီသို့ တက်ရောက်ခဲ့ကြောင်းနှင့် ဂျန်နာသည် လိင်ပြောင်းထားသော ဖျော်ဖြေတင်ဆက်သူ ကန်ဒစ်ကာနေး၏ ဖျော်ဖြေမှုကို ကြည့်ရန် သူငယ်ချင်းခြောက်ယောက်နှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း E!သတင်းဌာနတွင် ဖော်ပြထားသည်။

"လူတိုင်းက ဂျန်နာ၊ ဂျန်နာဟု စတင်သံပြိုင် ဟစ်ကြွေးခဲ့ပါတယ်။ ကျွန်မကလည်း လူတိုင်းကို လက်ဝှေ့ယမ်းကာ အပြုံးဖြင့် ပြန်နှုတ်ဆက်ခဲ့ပါတယ်” ဟု ဂျန်နာက E!သတင်းဌာနကို ပြောကြားခဲ့သည်။

ယင်းနောက် ကာနေးက ဂျန်နာကို ၎င်း၏ အကြောင်းနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ကြပြီး ဂျန်နာအတွက် I Am a Woman တေးသီချင်းကို ရွေးချယ်ခဲ့သည်။

“လူတိုင်းက ဂျန်နာကို ချီးကျူးဂုဏ်ပြုခဲ့တယ်။ ဂျန်နာနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်” ဟု E!သတင်းဌာနက ပြောကြားသည်။ ဂျန်နာသည် VIP စာပွဲတွင် ထိုင်ကာ အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြောင်းနှင့် ၎င်းသည် လူအုပ်ကြီးအတွင်းသို့ ပိုက်ဆံများကို ကျဲချခဲ့သည်။ အသက် ၆၅ နှစ်အရွယ်ရှိ ဂျန်နာသည် ဇွန်လထုတ် Vanity Fair မဂ္ဂဇင်းမျက်နှာဖုံးတွင်  ပါဝင်ခဲ့သည့် အချိန်မှစ၍ လူထုရှေ့မှောက်သို့ ပထမဆုံးအကြိမ် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

ဂျန်နာသည် E! သတင်းဌာန၏ ရှိုးအစီစဉ် I Am Cait  အတွက် ရိုက်ကူးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။ကိတ်လန်ဂျန်နာ ပါဝင်သရုပ်ဆောင်ထားသော I Am Cait အစီစဉ်ကို ဇူလိုင်လဆန်းပိုင်းတွင် E! ရုပ်သံလိုင်းမှ တင်ဆက်ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly