ဒီးမော့ဆို ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

By Ko ZarNi (မဇ္ဈိမ)
20 February 2023
ဒီးမော့ဆို ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ဖေဖော်ဝါရီလ ၂၀ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ကင်းပတ်ရန်ထွက်‌ခွာနေစဥ် ကယား(ကရင်နီ)တပ်ပေါင်းစု(KRU)နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ မှ ၆ နာရီအထိ ဖြစ်ပွားခဲ့‌သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိသည်ဟု KRU က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“တိုက်ပွဲမှာ ရန်သူဘက်က ခြောက်ဦးခန့်သေဆုံးတဲ့အပြင် MA-1 သေနတ်တစ်လတ်၊ ကျည်ဘောက် သုံးဘောက်၊ ကျည် ၂၂၅ တောင့် ရယူနိုင်ခဲ့တယ်” ဟု KRU အဖွဲ့ က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး အသုံးပြုတိုက်ခိုက်သော်လည်း တပ်ပေါင်းစုအဖွဲ့ဘက်မှ တစ်စုံတရာ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)သည် ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်ကို အဆုံး ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်

#ဒီးမော့ဆိုမြို့နယ်

#စစ်ကောင်စီတပ်

#KRU

#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly