မီနီအယ်လ်ဘမ်သစ်နဲ့အတူ ပြန်လာမည့် BTOB

မီနီအယ်လ်ဘမ်သစ်နဲ့အတူ ပြန်လာမည့် BTOB

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTOB သည် မီနီတေးအယ်လ်ဘမ်သစ် ထုတ်လုပ်ရေး နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် မကြာမီ မီနီတေးအယ်လ်ဘမ်နှင့်အတူ ပြန်လာမည်ဖြစ်ကြောင်း ၎င်းတို့၏ အေဂျင်စီ Cube Entertainment က မတ် ၁၆ ရက်တွင် ပြောကြား ခဲ့သည်။

“တေးအယ်လ်ဘမ် ထွက်မယ့်ရက်ကို အတိအကျ မသိသေးပါဘူး။ ဒါပေမဲ့ မတ်လနှောင်းပိုင်း ဒါမှမဟုတ် ဧပြီလ အစောပိုင်းလောက်မှာ ထွက်ရှိဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု အေဂျင်စီက ပြောကြားသည်။

BTOB သည် မတ်လနှောင်းပိုင်းတွင် တေးအယ်လ်ဘမ်သစ်နှင့်အတူ ပြန်လာခဲ့ပါက နောက်ဆုံး မီနီတေးအယ်လ်ဘမ် ထွက်ရှိပြီးသည့်အချိန်မှစ၍ ငါးလတာကာလအတွင်း ၎င်းတို့၏ ပထမဆုံး တေးအယ်လ်ဘမ်ဖြစ်လာမည် ဖြစ်သည်။

BTOB သည် ၎င်းတို့၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ “BORN TO BEAT TIME _ ENCORE” မှတစ်ဆင့် ပရိတ်သတ်များဖြင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ဖျော်ဖြေပွဲကို မတ် ၂၆ ရက် နှင့် ၂၇ ရက် တိုကတွင် Jamsil မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

BTOB သည်  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ဖျော်ဖြေပွဲများ ကျင်းပခဲ့ပြီးနောက် သုံးလအ ကြာတွင် ပရိတ်သတ်များ၏ မေတ္တာရပ်ခံမှုကြောင့် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကျင်းပပြုလုပ်သွား မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags