သမ္မတဦးထင်ကျော် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် တရုတ်နိုင်ငံက ဂုဏ်ပြုစကား ပြောကြား

သမ္မတဦးထင်ကျော် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် တရုတ်နိုင်ငံက ဂုဏ်ပြုစကား ပြောကြား
သမ္မတဦးထင်ကျော်။ (ဓာတ်ပုံ- အီးပီအေ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံတွင် ဦးထင်ကျော်အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းအပေါ် ဂုဏ်ပြုစကား ပြောကြားသည်။

"တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးကို ရှေးရှုလုပ်ဆောင်ထားပါတယ်။"ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lu Kang က ပုံမှန်သတင်းထုတ်ပြန်မှုတွင် ထုတ်ပြန်ပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားများကြား ရင်ကြားစေ့ရေးတို့တွင် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကာ နှစ်နိုင်ငံသည် ရင်းနှီးသောအိမ်နီးချင်းနိုင်ငံများသာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"ဘုံအကျိုးစီးပွားအားထုတ်မှုများနဲ့အတူ တရုတ်-မြန်မာ မိတ်ဖက်ဆက်ဆံမှုသည် ခိုင်မာစည်းလုံးပြီး အားကောင်းလာမည်သာဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်သည်။"ဟုလည်း Lu Kang က ထုတ်ပြန်ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly