တရုတ်ဇာတ်ကားများ သီးသန့်ပြမည့် တောင်ကိုရီးယာနိုင်ငံ၏ ပထဆုံး တရုတ် ရုပ်ရှင်ရုံ

တရုတ်ဇာတ်ကားများ သီးသန့်ပြမည့် တောင်ကိုရီးယာနိုင်ငံ၏ ပထဆုံး တရုတ် ရုပ်ရှင်ရုံ

ဆိုးလ်၊ မတ် ၉ ။            ။ တရုတ်ဇာတ်ကားများ သီးသန့်ပြသမည့် တောင်ကိုရီးယားနိုင်ငံ၏ တရုတ်ရုပ်ရှင်ရုံကို ဒေဟန်ဂိုရှိ  Dongyang အနုပညာစင်တာတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။

တရုတ်ရုပ်ရှင်ရုံတွင် စုစုပေါင်း ထိုင်ခုံ ၃၈၂ ခုံ ပါရှိမည်ဖြစ်ပြီး  အဖွင့်ဇာတ်ကားကို  နာမည်ကျော်ကြားသော ဒါရိုက်တာ Zhang Yimou ၏ ၁၉၈၈ ရုပ်ရှင်ကား “ Red Sorghum”ကို ပြသသွားမည် ဖြစ်သည်။

ယင်းဇာတ်ကားသည် ၃၈ ကြိမ်မြောက် နိုင်ငံတကာ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ရွှေဝက်ဝံဆိုကို ရရှိထားသည့် ဇာတ်ကားဖြစ်သည်။ “ The Phantom Lover”  နှင့်  “ The Mermaid” ကဲ့သို့သော ရုပ်ရှင်ကားများကိုလည်း ပြသသွားမည်ဖြစ်သည်။ ရုပ်ရှင်ရုံသည် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ရုပ်ရှင်များကို အခမဲ့ ပြသပေးသွားမည် ဖြစ်သည်။

“ ရုပ်ရှင်ရုံဟာ တရုတ်ယဉ်ကျေးမှုကို နားလည်စေတဲ့ နေရာတစ်ခု ဖြစ်လာမှာဖြစ်တယ်။ တရုတ်နှင့် ကိုရီးယားနိုင်ငံအကြားရှိ တင်းမာမှုတွေကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်”ဟု  Jongno- gu ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly