ယိုဂျီထယ်နှင့် ကင်ဟိုဂျင် အာဖရိကတွင် ပညာရေးမြှင့်တင်မှုများ လုပ်ဆောင်

ယိုဂျီထယ်နှင့် ကင်ဟိုဂျင် အာဖရိကတွင် ပညာရေးမြှင့်တင်မှုများ လုပ်ဆောင်

ဆိုးလ်၊ ။                ။ ကိုရီးယား အနုပညာစုံတွဲ ယိုဂျီထယ်နှင့် ကင်ဟိုဂျင်တို့သည် အာဖရိတွင် ပညာရေးဆိုင်ရာ ထောက်ပံ့မှုများ တိုးမြှင့်လုပ်ဆောင်ရန် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့ World Vision ၏ စီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ယိုဂျီထယ်နှင့် ကင်ဟိုဂျင်တို့သည် အာဖရိကတိုက် နိုင်ဂျာနိုင်ငံအတွင်းရှိ ကလေးများအတွက် ကျောင်းများကို ဆောက်လုပ်ပေးရန် ဂုဏ်ထူးဆောင်သံတမန်အဖြစ် “ Dreaming School Project” တွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  World Vision အဖွဲ့က မတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယို၊ ကင်နှင့် အခြားသောသူများသည် တိုရိုဒီဟုခေါ်သော ကျေးရွာရှိ ဒေသတွင်း မူလတန်းကျောင်းကို ကူညီထောက်ပံ့မှုများ ပေးသွားမည် ဖြစ်သည်။ အဆိုပါကျောင်းကို တဲငါးလုံးဖြင့် ဖွဲ့စည်းတည်ဆောက် ထားပြီး  ကျောင်းသား၊ ကျောင်းသူ ၃၄၄ ဦးအတွက် စာသင်ခန်း ငါးခန်း ရှိသည်။

ထိုင်ခုံ၊ စားပွဲကဲ့သို့သော အရင်းအမြစ်များ မရှိခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများသည်  ဖုန်ထူသော မြေပေါ်တွင် ထိုင်ကာ သင်ခန်းစာမျာကို သင်ယူရသည်။ အခြေခံအဆောက်အအုံ အားနည်းမှုကြောင့် စာသင်ခန်းများသည်  မိုးရွာခြင်း သို့မဟုတ် သဲမုန်တိုင်း တိုက်ခတ်သည့်အခါ  ယာယီပိတ်ထားရသည်။

လှူဒါန်းမှုများကို ကလေးများအတွက် စာသင်ခန်းသစ်များ၊ သန့်ရှင်းသောရေ၊ ထိုင်ခုံနှင့် စားပွဲခုံများ ထောက်ပံ့ပေးရာတွင် အသုံးပြုသွားမည် ဖြစ်သည်။၂၀၁၆ ခုနှစ်ကုန်အထိ  World Vision ၏ တရားဝင် ဝက်ဆိုက်ဘ်တွင် လှူဒါန်းမှုများကို လက်ခံသွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ အာဖရိကမှာရှိတဲ့ ကလေးတွေရဲ့ စိတ်ကူးတွေနဲ့ မျှော်လင့်ချက်တွေကို ပံ့ပိုးပေးဖို့ စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု ယိုက ပြောကြားခဲ့သည်။

ယိုဂျီထယ်နှင့် ကင်ဟိုဂျင်တို့နှစ်ဦးသည် အခြားသော လိုအပ်သည့် နိုင်ငံများကိုလည်း အကူညီပေးရန်အတွက် စီမံကိန်းများကို တိုးချဲ့လုပ်ဆောင်ရန် စီစဉ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly