အမျိုးသမီးဝါဒ ထောက်ခံသူဟု ပုတ်ခတ်ပြောဆိုမှုအပေါ် တုန့်ပြန်ပြောကြားလာတဲ့ အမ်မာဝပ်ဆင်

အမျိုးသမီးဝါဒ ထောက်ခံသူဟု ပုတ်ခတ်ပြောဆိုမှုအပေါ် တုန့်ပြန်ပြောကြားလာတဲ့ အမ်မာဝပ်ဆင်

ဟယ်ရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆင်ကို ယောင်္ကျားများနှင့် တန်းတူအခွင့်အရေး ရလိုသည့် အမျိုးသမီးဝါဒကို ထောက်ခံအားပေးသူအဖြစ်  ပြစ်တင်ဝေဖန်သူများက ပြောဆိုနေကြသော်လည်း အမ်မာသည် အမျိုးသမီးဝါဒနှင့်စပ်လျဉ်း၍ ဆက်လိုက်တိုက်ပွဲဝင်သွားမည်ဟု ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ်ရှိ မင်းသမီး  အမ်မာဝပ်ဆင်သည်  ယောင်္ကျားများနှင့် တန်းတူအခွင့်အရေး ရလိုသည့် အမျိုးသမီးဝါဒနှင့် ကျားမကိစ္စရပ်တို့ကို အာရုံစိုက်လုပ်ဆောင်ရန် အနုပညာလောကမှ တစ်နှစ်အနားယူမည်ဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။

“ အမျိုးသမီးဝါဒကို ထောက်ခံအားပေးတဲ့သူ တစ်ယောက်လို့ ပုတ်ခတ်ပြောဆိုယုံဖြင့် ကျွန်မကို မဖယ်ရှားနိုင်ပါဘူး”ဟု အမ်မာဝပ်ဆင်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

“ ကျွန်မကို  နာမည်ကျော် မင်းသမီးတစ်ယောက်လို့ ခေါ်ကြမယ်။ ကျွန်မကို အမျိုးသမီးဝါဒ ထောက်ခံသူတစ်ဦးလို့ ခေါ်ကြမယ်။ ကျွန်မကို ကမ္ဘာ့ပထမဆုံး အမျိုးသမီးဝါဒ ထောက်ခံသူ တစ်ဦးလို့ ခေါ်ကြမယ်။ သူတို့ဆန္ဒရှိသလို ကျွန်မကို ခေါ်ကြမယ်။ ဒါတွေဟာ ကျွန်မကို မတားဆီးနိုင်ပါဘူး။

ကျွန်မ လုပ်ဆောင်နေတဲ့ အရာတွေကိုလည်း မတားဆီးနိုင်ပါဘူး။ ဒါဟာ ကျွန်မလုပ်ဖို့ ကြိုးစားနေတဲ့ အရာတွေကို သေချာအောင် ပြုလုပ်ပေးတယ်။ ဒါကြောင့် ပုတ်ခတ်ပြောဆိုမှုဟာ ကျွန်မအပေါ် အကျိုးသက်ရောက်မှု မရှိပါဘူး”ဟု အမ်မာဝပ်ဆင်က  People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်က အမ်မာဝပ်ဆင်သည် ကျားမတန်းတူ ညီမျှမှုရှိရေးဆိုင်ရာ အဖွဲ့အစည်း HeForShe အဖွဲကို တည်ထောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly