Beatles တေးဂီတထုတ်လုပ်သူ Sir George Martin ကွယ်လွန်

Beatles တေးဂီတထုတ်လုပ်သူ Sir George Martin ကွယ်လွန်

 “Fifth Beatle” ဟု လူသိများသည့် တေးဂီတ ထုတ်လုပ်သူ Sir George Martin မှာ အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

အင်္ဂါနေ့ (မတ်လ ၈ရက်)က သူ၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး၊ ဆုတောင်းမေတ္တာ ပို့သခဲ့ကြသူများနှင့် အားပေးစကား ဆိုခဲ့ကြသူများ အားလုံးကို သူ၏ မိသားစုက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သူ၏ မန်နေဂျာက ဆိုခဲ့သည်။

Sir George Martin ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းကို Beatles အဖွဲ့မှ ဒရမ်တီးခတ်သူ ရင်ဂိုစတားက တွစ်တာစာမျက်နှာတွင် စတင် ရေးသားခဲ့ခြင်းဖြစ်ကာ၊ Sir George အား သတိရနေကြမည် ဖြစ်ကြောင်း ရေးသားခဲ့ပြီး တေးဂီတထုတ်လုပ်သူ Sir George အား ချီးကျူးဂုဏ်ပြုမှှုကို ဦးဆောင်ခဲ့သည်။  

Sir George မည်သည့်ရောဂါဖြင့် ကွယ်လွန်သွားကြောင်းကိုမူ မသိရှိရပေ။ 

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly