ဦးခင်အောင်မြင့်နဲ့ ဒေါက်တာစိုင်းမောက်ခမ်းကို ကြံ့ခိုင်ရေးပါတီက ဒုသမ္မတလောင်းအဖြစ် အဆိုပြုမယ်

ဦးခင်အောင်မြင့်နဲ့ ဒေါက်တာစိုင်းမောက်ခမ်းကို ကြံ့ခိုင်ရေးပါတီက ဒုသမ္မတလောင်းအဖြစ် အဆိုပြုမယ်

နေပြည်တော်(မတ်လ ၁၀ရက်)။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဒုတိယသမ္မတလောင်းများ အဖြစ် အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်နှင့် လက်ရှိ ဒုတိယသမ္မတတစ်ဦးဖြစ်သော ဒေါက်တာစိုင်းမောက်ခမ်းကို အဆိုပြုမည်ဟု ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးလှဌေးဝင်းက ပြောသည်။

"သူတို့ရဲ့ လုပ်ကိုင်နိုင်မှုအပေါ်မှာအခြေခံပြီးတော့ စွမ်းရည်ရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကျွန်တော်တို့ပါတီက ထောက်ခံပြီးတော့ ပေးထားတာ ဖြစ်ပါတယ်" ဟု ကြံ့ခိုင်ရေးပါတီအမတ်လည်းဖြစ်သူ ဦးလှဌေးဝင်းက မတ်လ ၁၀ရက် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာစဉ် ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် ပြည်သူ့လွှတ်တော်မှတင်မြှောက်မည့် ဒုသမ္မတလောင်းအဖြစ် ဒေါက်တာစိုင်းမောက်ခမ်းကို အဆိုပြုမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်မှတင်မြှောက်မည့် ဒုသမ္မတလောင်းအဖြစ် ဦးခင်အောင်မြင့်ကို အဆိုပြုမည်ဖြစ်သည်။

ယနေ့ပြုလုပ်မည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများတွင် ဒုတိယသမ္မတလောင်းများကို အစုအဖွဲ့အလိုက် အဆိုပြုကြမည်ဖြစ်သည်။

ယခုသတင်းရေးသားနေသည့် မတ်လ ၁၀ရက်၊ နံနက် ၉နာရီ၊ ၄၅မိနစ်အချိန်တွင် နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ NLDပါတီအနေဖြင့် ဦးထင်ကျော်အား ဒုတိယသမ္မလောင်းအဖြစ် အဆိုပြုမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags