ကင်ဆာရောဂါ ခံစားနေရသော ကလေးများအတွက် ငါးနှစ်ကြာ ငွေများ လျို့ဝှက်လှူဒါန်းခဲ့တဲ့ ဆောင်ဂျောင်ကီ

ကင်ဆာရောဂါ ခံစားနေရသော ကလေးများအတွက် ငါးနှစ်ကြာ ငွေများ လျို့ဝှက်လှူဒါန်းခဲ့တဲ့ ဆောင်ဂျောင်ကီ

တောင်ကိုရီးယား မင်းသား ဆောင်ဂျောင်ကီသည် ၂၀၁၁ ခုနှစ်မှစ၍ ကင်ဆာရောဂါခံစားနေရာသော ကလေးများအတွက် ငွေကြေးများ အမြဲတစေ လှူဒါန်းခဲ့ကြောင်း ကိုရီးယား ကလေးသူငယ် သွေးကင်ဆာဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဆောင်ဂျောင်ကီဟာ လှူဒါန်းမှုတွေနဲ့ပတ်သက်လို့ အခြားသူများကို ထုတ်ဖော်ပြောဆိုလိုတဲ့ ဆန္ဒမရှိတာကြောင့်  လျို့ဝှက်စွာ လုပ်ဆောင်ခဲ့တယ်”ဟု ဆောင်ဂျောင်ကီ၏ အေဂျင်စီက ပြောကြားခဲ့သည်။

ဆောင်ဂျောင်ကီ၏ ထောက်ပံ့လှူဒါန်းမှုကြောင့် ကင်ဆာဝေဒနာရှင် ကလေးငယ် ၁၀ ဦးကျော် ဆေးကုသမှု ခံယူနိုင်ခဲ့ကြောင်းနှင့် ဆောင်ဂျောင်ကီသည် စစ်မှုထမ်းနေစဉ်ကာလအတွင်း ဝမ်ငွေ ဆယ်သန်းကို လှူဒါန်းခဲ့ကြောင်း ကိုရီးယား ကလေးသူငယ် သွေးကင်ဆာဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောင်ဂျောင်ကီသည် စစ်မှုထမ်းနေစဉ် ကာလအတွင်း နီပေါငလျင်ဒဏ်သင့် ကလေးသူငယ်များကို အကူညီပေးရန်  ကလေးသူငယ်များ ကူညီစောင့်ရှောက်ရေးအဖွဲ့( UNICEF)  မှတစ်ဆင့် ဝမ်ငွေ သန်းတစ်ရာ လှူဒါန်းခဲ့သည်။

ဆောင်ဂျောင်ကီသည်  လက်ရှိအချိန်တွင်  KBS ရုပ်မြင်သံကြား၏ “ Descendants of the Sun” ဒရမ်မာဇာတ်ကားတွင် အရာရှိ ယိုဆီဂျင်အဖြစ် ပါဝင်သရုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly