အဖွဲ့ခေါင်းဆောင် အကြားအာရုံပျောက်ဆုံးမည့် အန္တရာယ်ကြောင့် AC/DC အဖွဲ့ အမေရိကန် ဖျော်ဖြေရေး ရွှေ့ဆိုင်း

အဖွဲ့ခေါင်းဆောင် အကြားအာရုံပျောက်ဆုံးမည့် အန္တရာယ်ကြောင့် AC/DC အဖွဲ့ အမေရိကန် ဖျော်ဖြေရေး ရွှေ့ဆိုင်း

သြစတြေးလျ ရော့ခ်တေးဂီတအဖွဲ့  AC/DC သည် အဖွဲ့ခေါင်းဆောင် ဘရိန်းဂျွန်ဆင် နားလေးမည့် အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် “ Rock or Bust ” ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်၏ အမေရိကန် ဖျော်ဖြေရေးခရီးစဉ်များကို ရွှေ့ဆိုင်းခဲ့ရသည်။

ဆရာဝန်များက အဖွဲ့ခေါင်းဆောင် ဘရိန်းကို အကြားအာရုံ လုံးဝဆုံးရှုံးသွားနိုင်သည့် အန္တရာယ်ရှိခြင်းကြောင့် ဖျော်ဖြေပွဲများကို ချက်ချင်းရပ်တန့်ရန် အကြုံပြုခဲ့ကြောင်း  AC/DC အဖွဲ့က ၎င်းတို့၏ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည်။

AC/DC အဖွဲ့သည် ယခုနှစ်နှောင်းပိုင်းက ပြန်လည်ရေးဆွဲထားသော ဖျော်ဖြေပွဲများတွင် ဧည့်သည် အဆိုရှင်တစ်ဦးနှင့် ဖျော်ဖြေသွားနိုင်ဖွယ်ရှိကြောင်း အဖွဲ့က ပြောကြားသည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဂျွန်ဆင်သည် ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းက  AC/DC ၏ ခေါင်းဆောင် အဆိုတော်အဖြစ် လုပ်ဆောင်ခဲ့သည်။ ဒရမ်သမားဟောင်း ဖီးလ်ရက်ဒ်သည် ပြီးခဲ့သည့်နှစ်က မူးယစ်ဆေးပိုင်ဆိုင်မှုနှင့် လူသတ်ရန် ခြိမ်းခြောက်မှုများအတွက်  နေအိမ်အကျယ်ချုပ် ရှစ်လ ပြစ်ဒဏ်ချခံခဲ့ရသည်။

၂၀၁၄ ခုနှစ်က အဖွဲ့ကိုတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဂစ်တာပညာရှင်တစ်ဦးဖြစ်သူ မာလ်ကွမ်ယောင်သည်  ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကြောင့်  အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။

AC/DC အဖွဲ့သည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက “ Rock or Bust” တေးသီချင်းအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတေးအယ်လ်ဘမ် အရောင်းမြှင့်တင်ရေး ပြုလုပ်သည့်အချိန်မှစ၍ ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags