တေလာနှင့် ကာလ်ဗင်ဟာရစ်တို့ ချစ်သူနှစ်ဦး ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

တေလာနှင့် ကာလ်ဗင်ဟာရစ်တို့ ချစ်သူနှစ်ဦး ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ် ကျင်းပ

ပေါ့ကြယ်ပွင့် တေလာဆွဇ်နှင့် ကာလ်ဗင်ဟာရစ်တို့သည် ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို မတ် ၆ ရက်က  ကျင်းပခဲ့သည်။ အသက် ၃၂ နှစ်အရွယ်ရှိ ဒီဂျေ / တေးသီချင်း ထုတ်လုပ်သူ ကာလ်ဗင်ဟာရစ်သည် ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ် ကျင်းပပုံကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို မတ် ၆ ရက်နေ့က လူမှုကွန်ရက်တွင် တင်ခဲ့သည်။

ကိုးစက္ကန့်ကြာမြင့်သော အဆိုပါ ဗီဒီယိုဖိုင်တွင် “ချောကလက်ကိတ်တစ်ခုပေါ်မှာ တစ်နှစ်ဟု ရေးသားထားသော စာသားနဲ့ အသည်းပုံနှစ်ခုကို တွေ့ရတယ်။ ဟာရစ်က ကျွန်တော်တို့ ချစ်သူသက် တမ်း တစ်နှစ်ပြည့်ပါပြီ။ ကျွန်တေ်ာတို့ရဲ့ တစ်နှစ်ပြည့်ကိတ်ပါ” ဟု ဟာရစ်က ရယ်မောစွာ ပြောကြား ထားသည်ကို တွေ့ရသည်။

နာရီအနည်းငယ်ကြာပြီးနောက် တေလာက “3.6.15” ဟု နေ့စွဲဖြင့် ရေးသားထားသော အသည်းပုံ စံရွှေစွဲသီးကို ဓာတ်ပုံရိုက်ကာ Instagram အကောင့်တွင် တင်ခဲ့သည်။

တေလာနှင့် ဟာရစ်တို့ကို ပြီးခဲ့သည့်နှစ် မတ်လက တန်နက်ဆီပြည်နယ် နက်ရှ်ဗဲလ်မြို့တွင် နှစ်ယောက်လက်ချင်းတွဲကာ အတူတွေ့ရှိခဲ့သည့်အချိန်က ပထမဆုံးအကြိမ် ကောလဟာလသ တင်းများ ထွက်ပေါ်လာခဲ့သည်။

တစ်လကြာပြီးနောက် ၂၀၁၅ ခုနှစ် ဘေလ်ဘုတ် တေးဂီတဆုပေးပွဲတွင် တေလာတို့နှစ်ဦး တတ်ရောက်ခဲ့ကြကြောင်းနှင့် တေလာသည် ဆုလက်ခံရယူရန် စတိတ်စင်ပေါ်သို့ သွားရောက်စဉ် ဟာရစ်က တေလာကို ပွေ့ဖက်ကာ အနမ်းပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် လန်ဒန်၌ လှေစီးခြင်းနှင့် ငွေထည့်လျှင် အလိုအလျောက် ရိုက်ကူးပေးသော ဓာတ်ပုံရိုက်ခန်းတွင် နှစ်ယောက်အတူ ဓာတ်ပုံရိုက် ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

တေလာသည် ဟယ်ရီစတိုင်၊ ဂျိုးဂျိုနက်စ်၊  ဂျိတ်ခ်ဂျဲလန်ဟာလ်တို့နှင့် လမ်းခွဲခဲ့ပြီးနောက် ကာလ်ဗင်ဟာရစ်နှင့် ချစ်သူသက်တမ်းသည် တေလာအတွက် အရှည်ကြာဆုံး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly