ယူကရိန်းအား ‘မကြုံစဖူးသော’ အကူအညီအတွက် ဂျိုး ဘိုင်ဒင်ကို ဇယ်လန်းစကီး ကျေးဇူတင် 

ယူကရိန်းအား ‘မကြုံစဖူးသော’ အကူအညီအတွက် ဂျိုး ဘိုင်ဒင်ကို ဇယ်လန်းစကီး ကျေးဇူတင် 

ဒီဇင်ဘာလ ၁၂ ရက်

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက သူသည် အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်နှင့် တနင်္ဂနွေနေ့က ဖုန်းပြောဆိုခဲ့ပြီး ဖေဖော်ဝါရီလ ရုရှတပ်များ ကျုးကျော်ချိန်မှစကာ ယူကရိန်းအား အမေရိကန်က ပေးအပ်သည့် “မကြုံစဖူးသော” အကူအညီအတွက် ကျေးဇူးတင်ခဲ့သည်ဟု ပြောဆိုသည်။ 

“ယူကရိန်းကို အမေရိကန်ရဲ့ မကြုံစဖူးသော ကာကွယ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီအတွက် ကျွန်‌တော် ကျေးဇူးတင်ခဲ့တယ်”ဟု ဇယ်လန်းစကီးက ပြောကြောင်း ၎င်း၏ တရားဝင် တယ်လီဂရမ် ဖော်ပြချက်အရ သိရသည်။ 

“ဒီ အကူအညီတွေဟာ တိုက်ပွဲမြေမှာ အောင်မြင်မှု ရဖို့အတွက်တင်မကဘဲ ယူကရိန်း စီးပွားရေး တည်ငြိမ်ရေးကိုပါ ထောက်ပံ့ပေးတယ်”ဟု ၎င်းက ပြောသည်။ 

“ယူကရိန်းရဲ့ စွမ်းအင်စနစ် နဂိုနေ ပြန်ရောက်ဖို့အတွက် အမေရိကန်က ကူညီပေးနေတာကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ရတယ်”ဟု ၎င်းက ပြောသည်။ 

ယူကရိန်း၏ ဓာတ်အားပေးစနစ်သည် ရုရှ၏ အဆက်မပြတ်သော ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလမှစတင်ကာ ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး ဆောင်းတွင်း၌ ပြည်သူ သန်းပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly