ဧရာဝတီတိုင်းဒေသကြီးတွင် ရေပြတ်လပ်ပါက ထောက်ပံ့မှုပေးရန်စီစဉ်

ဧရာဝတီတိုင်းဒေသကြီးတွင် ရေပြတ်လပ်ပါက ထောက်ပံ့မှုပေးရန်စီစဉ်
၂၀၁၄ ခုနှစ် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ ဒလမြို့နယ်အတွင်း ရေးရှားပါးမှုမြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ပုသိမ်၊ မတ် ၇ ။         ။ ဧရာဝတီတိုင်းဒေသကြီး၊ ၁၈မြို့နယ်မှ ကျေးရွာစုစုပေါင်း ၄၄၆ ရွာတွင် စုစုပေါင်း အိမ်ခြေ ၅၆၉၆၆ နှင့် လူဦးရေ ၂၅၀၂၃၂ ဦးခန့်ကို ရေပေးဝေထောက်ပံ့ရန် စီစဉ်ထားကြောင်း ကျေးလက်ဦးစီဌာန မှ တိုင်းဦးစီ ဦးစိုးသန်းမှ မဇ္ဈိမသို့ပြောသည်။

"ကျေးရွာတွေ ရေပြတ်မယ်ဆို တစ်ပတ်လောက်ကြိုတင်ပြီးအကြောင်းကြားပေးဖို့မှာထားတယ်၊ရေပြတ်တဲ့ရွာတွေကို ကုန်းလမ်း၊ရေလမ်းတွေနဲ့ သွားရေပေးဝေမှာပါ၊အဓိက လိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီဖိုးတွက်ချက်ပြီး ခွင့်ပြုထားပါပြီး၊လောလောဆယ် ဌာန အချက်အလက်တွေအရ ရေပြတ်လတ်မှုမရှိသေးဘူး"ဟု ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီ ဦးစိုးသန်က မဇ္ဈိမသို့ပြောသည်။

ယင်းအစီအစဉ်အတွက် သယ်ယူပို့ဆောင်စရိတ် ကုန်ကျငွေ ၆၂၉၂၁၂၅၀၀ ကျပ်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မတ် ၁၈ရက်နေ့တွင် ငပုတောမြို့နယ်မှ ဖိုးရွှေပုင်္ရာသို့ ရေဂါလံ ၈၀၀ အား သွားရောက်ပေးဝေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"အရင်နှစ်တွေက ရေပြတ်တဲ့ ရွာတွေဆို ဂါလံ၁၅၀၀၀လောက်ပေးရတယ်၊ဒီနှစ်က အယ်နီညှိရာသီဥတုလည်းရှိတော့ အချိန်ရှည်နိုင်တော့ပိုလိုအပ်ချက်ရှိနိုင်မယ်၊ရေရှည်က ကျေးရွာတွေမှာတွင်းတိမ်၊တွင်းနက်တွေ၊မိုးရေလှောင်ကန်တွေ၊စမ်းရေတွေသွယ်ပေးတာတွေ လုပ်ပေးနေကြောင်း ဦးစိုးသန်း က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ရေပြတ်လပ်မှုဖြစ်နိုင်သည့်မြို့များမှ နေ့စဉ်ရေဂါလံလိုအပ်ချက်များမှာ လပွတ္တာမြို့တွင် ကျေးရွာ၃၅ရွာအတွက် ရေလိုအပ်ချက် ၆၄၉၆၆ဂါလံနှင့် မော်လမြိုင်ကျွန်းမြို့တွင်ကျေးရွာ၈၀အတွက် ရေဂါလံ ၇၇၂၁၀ လိုကြောင်း ခန့်မှန်းစာရင်များအရသိရှိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly