ပခုက္ကူတွင် ပျူစောထီးအဖွဲ့ဝင်လူငယ် ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များဖြင့် အလင်းဝင်

ပခုက္ကူတွင် ပျူစောထီးအဖွဲ့ဝင်လူငယ် ၂ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များဖြင့် အလင်းဝင်

နိုဝင်ဘာ ၂၄

မဇ္ဈိမ။ ။မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံလမ်းခွဲ ကောင်းစက်ဝိုင်းဆီဆိုင်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးနှင့် ပျူစောထီး ၁၁ ဦး ပါအဖွဲ့မှ လူငယ်နှစ်ဦးသည် နိုဝင်ဘာလ ၂၂ ရက်နေ့ က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လက်နက်သုံးလက်ဖြင့် အလင်းဝင်လာခဲ့ကြောင်း မြိုင်မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ ဗိုလ်လက်ယာက ပြောသည်။

“ လက်နက်တွေယူပြီးပြေးလာကြတာ။ သူတို့က ပျူထဲဝင်တာမကြာသေးဘူး နှစ်လ သုံးလလောက်ပဲရှိ သေးတယ်။ လက်နက် သုံးလက်ရပြီး သူတို့ကို တစ်ယောက်သိန်း ၅၀ ပေးလိုက်တယ်။ လက်နက်တွေ ကျတော်တို့ ယူထားလိုက်တယ်။ အခုသူတို့ကို စိတ်ချရတဲ့နေရာ ပို့ထားလိုက်ပြီ” ဟု ၎င်းကဆိုသည်။

အလင်းဝင်လာသည့် လူငယ်နှစ်ဦးသည် MA 3 တစ်လက်၊ MA 1 တစ်လက်၊ Carbine တစ်လက်၊ ကျည် ဘောက်ငါးခု၊ ကျည် ၅၈ တောင့်၊ Carbine ကျည်ဘောက် သုံးခု၊ ကျည် ၅၂ တောင့် ယူဆောင်လာကြောင်း သိရသည်။

ယခု အလင်းဝင်လာသည့် လူငယ်နှစ်ဦးသည့် ယခင်က PDF သင်တန်းတက်ရောက်ဖူးသူများဖြစ်ပြီး အခြေ အနေ အကြောင်းကြောင်းကြောင့် ပျူစောထီးအဖွဲ့ထံရောက်သွားခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့်ပြန်လည်ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်သွားမည့် ရဲဘော်များဖြစ်ကြောင်း ဗိုလ်လက်ယာက ဆိုသည်

၎င်းက “ သူတို့က အခြားလက်နက်ကိုင်အဖွဲ့တွေမှာ သင်တန်းတက်ထားတဲ့သူတွေ။ လွန်ခဲ့တဲ့တစ်နှစ်ခွဲ လောက်ကတည်းက တက်ထားတာ။ သူတို့လူခံရှိတဲ့အဖွဲ့တစ်ဖွဲ့မှာဝင်ပြီး စစ်ကောင်စီတပ်တွေကို ပြန် တိုက်မှာ” ဟု ဆိုသည်။

ယခုကဲ့သို့ အမြင်မှန်ရသွားသည့်အတွက် ကြိုဆိုကြောင်းနှင့် အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ် သားများနှင့် ပျူစောထီးအဖွဲ့ဝင်များအနေဖြင့်လည်း အမြင်မှန်ရပြီး ပြည်သူများဘက်မှရပ်တည်ရန် တိုက် တွန်းလိုကြောင်း မြိင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မြိုင်ဒေသတွင် စစ်ကောင်စီတပ်က ၎င်းတို့ကိုအားပေးထောက်ခံသူများအား လက်နက်တပ်ဆင်ပေးထား ပြီး အကြမ်းဖက်လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#မြိုင်မြို့နယ်

#ပျူစောထီး

#အလင်းဝင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly