မြစ်ကြီးနားတွင် သေနတ်သံနှင့် ဗုံးပေါက်ကွဲသံများထွက်ပေါ်

မြစ်ကြီးနားတွင် သေနတ်သံနှင့် ဗုံးပေါက်ကွဲသံများထွက်ပေါ်

နိုဝင်ဘာ ၂၂

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းက သေနတ်သံနှင့် ဗုံးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ညဦးပိုင်းက မြစ်ကြီးနားမြို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ရဲ အရန်တပ်ဖွဲ့စခန်းကို KIA ၊ PDF ပူးပေါင်းအဖွဲ့က ဗုံးပစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပြည်နယ်ရဲအရန်တပ်ဖွဲ့စခန်းအနီးတွင် ဗုံးပေါက်ကွဲမှုအပြင် သေနတ်ပစ်သံများကိုပါ ကြားရကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံးအနီးတွင်နေထိုင်သူများက ဆိုသည်။

သေနတ်သံနှင့်ဗုံးပေါက်ကွဲသံများ ထွက်ပေါ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပွားခဲ့သည့် အကြောင်းအရင်းကို သိရှိနိုင်ရန် မဇ္ဈိမသတင်းဌာနက ဆက်လက်စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ကလည်း မြစ်ကြီးနားမြို့၊ ဘူတာတိုက်တန်းတွင် ဖွင့်လှစ်ထားသည့် ကျော်မေတ္တာ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်။

စာတည်း။ ။မောင်ကောင်း

#မြစ်ကြီးနား

#ပြည်နယ်ရဲအရန်တပ်ဖွဲ့စခန်း

#ဗုံးပေါက်

#KIA၊PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly