စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ တနင်္သာရီတိုင်းက အကျဉ်းသား/သူ ၁၀၅ ဦး လွှတ်ပေး

By ကိုရွှေမြိတ်
17 November 2022
စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ တနင်္သာရီတိုင်းက အကျဉ်းသား/သူ ၁၀၅ ဦး လွှတ်ပေး

နိုဝင်ဘာ ၁၇

မဇ္ဈိမ ။ ။စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကျဉ်းသား ၆,၀၀၀ နီးပါးကို လွှတ်ပေးခဲ့သည့် အထဲတွင် တနင်္သာရီတိုင်းအတွင်းမှ အကျဉ်းသား/သူ ၁၀၅ ဦးကို လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ကိုးဦးသာ ပါဝင်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက မဇ္ဈိမ ကို ပြောဆိုထားသည်။

တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် လွတ်မြောက်လာသူ စာရင်းများအရ ထားဝယ်ထောင်တွင် အကျဉ်းသား ၃၂ ဦး အနက် နိုင်ငံရေး အကျဉ်းသား လေးဦး၊ မြိတ်ထောင်တွင် ၄၀ ဦးအနက် နိုင်ငံရေးအကျဉ်းသား သုံးဦး၊ ကော့သောင်းထောင်မှ ၂၀ ဦးအနက် နိုင်ငံရေးအကျဉ်းသား ငါးဦးနှင့် တနင်္သာရီမြို့နယ် ဆင်ဖြူရှင် ရဲဘက်စခန်းမှ ၁၃ ဦး စုစုပေါင်း ၁၀၅ ဦးကို လွတ်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း ခရိုင်အလိုက် အကျဉ်းထောင်များထဲတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ဆန္ဒပြလှုပ်ရှားသူများကို အကြမ်းဖက် ဖမ်းဆီးမှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁,၀၀၀ ကျော်နီးပါး ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီပေးနေသူများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံံ - ယခင်ပုံအဟောင်း

#mizzima

#တနင်္သာရီတိုင်း

#အကျဉ်းထောင်

#လွတ်ငြိမ်းချမ်းသာခွင့်

#လွတ်မြောက်လာသူစာရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly