ဖမ်းဆီးခံထားရသည့် CDM သူနာပြုဆရာမ ပိုးသန္တာအောင် စစ်ကြောရေးတွင် ကျဆုံး

ဖမ်းဆီးခံထားရသည့် CDM သူနာပြုဆရာမ ပိုးသန္တာအောင် စစ်ကြောရေးတွင် ကျဆုံး

နိုဝင်ဘာ ၁၆

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှုနှင့် ဆေးဝါးပစ္စည်းများကိုကူညီပံ့ပိုးနေသည့် ဟုဆိုကာ ဖမ်းဆီးခြင်းခံထားရသည့် CDM ဆရာဝန်ဒေါက်တာမင်းဇော်ဦး(ခ)နေမျိုးဦး(မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ဌာနမှ ကထိက)၊ ကုတင်- ၃၀၀ သင်ကြားရေး ဆေးရုံမှသူနာပြုဆရာမ ကြည်သဒ္ဒါဖြူ၊ ယွန်းနန္ဒာထွန်းနှင့်မန္တလေးဗဟိုအမျိုးသမီးဆေးရုံမှ သူနာပြုဆရာမ ပိုးသန္တာအောင်တို့ လေးဦးအနက် ဆရာမပိုးသန္တာအောင်သည် စစ်ကြောရေးတွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ လေးဦးကို အောက်တိုဘာလ ၂၉ ရက် ညပိုင်းတွင် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အမှတ် (၁၃)နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

''အခုဖမ်းခံရတဲ့ ဆရာကြီးနှင့်ဆရာမက ကျွန်တော်တို့မင်းတပ်အတွက် တကယ့်ကိုအားကိုးရတယ်။ ဒီလောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတယ်၊ အဖမ်းအဆီးတွေများနေတဲ့ကြားကနေ မင်းတပ်လူထုအတွက်၊ကျန်းမာရေးအတွက် လိုအပ်နေတဲ့ဆေးဝါးတွေကို မရရအောင်သယ်ပေးကြတယ်၊ မင်းတပ်မြို့တင်မဟုတ်ပါဘူး၊ အနီးအနားမှာရှိတဲ့ ကျောက်ထု၊ယောကသူတွေတောင် ဒီဆရာဝန်တွေက ဆေးကုပေးကြတာ။ အခုစစ်ကြောရေးမှာ သေဆုံးသွားတယ်ဆိုတဲ့ ဆရာမကလည်း သူ့မှာ ပန်းနာရင်ကျပ်ရှိတယ်။ အဲဒါကြောင့်လိုအပ်တဲ့ဆေးဝါးမရလို့ အသက်ဆုံးရှုံးသွားရတာလို့ပဲ ထင်ပါတယ်''ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာများကမှု ဆရာမပိုးသန္တာအောင်သည် ၎င်း၏ဘဏ်အကောင့်နှင့် Kpay အကောင့်များမှတစ်ဆင့် တရားမဝင်ဆေးဝါးများဝယ်ယူ၍ PDF အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့ပေးခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စများတွင် အသုံးပြုခြင်းများပြုလုပ်ခဲ့သည်ဟုရေးသားနေကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီဝါဒဖြန့်မီဒီယာ

#PDF

#ပိုးသန္တာအောင်

#သူနာပြုဆရာမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required