B.A.P အဖွဲ့ မြောက်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေရေး ရက်များ ထုတ်ပြန်ကြေညာ

B.A.P အဖွဲ့ မြောက်အမေရိက ကမ္ဘာလှည့်ဖျော်ဖြေရေး ရက်များ ထုတ်ပြန်ကြေညာ

တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ B.A.P အဖွဲ့သည် “LIVE ON EARTH 2016 WORLD TOUR” ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီစဉ်ကို ကြေညာခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါတွင် ပြုလုပ်မည့် ဖျော်ဖြေရေးရက်များကို ထုတ်ပြန်ခဲ့သည်။

B.A.P အဖွဲ့၏ အမေရိကန် ဖျော်ဖြေရေးခရီးစဉ်ကို Powerhouse မှ စီမံခန့်ခွဲပေးသွားမည် ဖြစ်သည်။ B.A.P အဖွဲ့သည် ဧပြီ ၁၄ ရက်တွင် ဆန်ဖရန်စစ္စကို၊ ဧပြီ ၁၇ ရက်တွင် လော့စ်အိန်ဂျလိစ်၊ ဧပြီ ၂၁ ရက်တွင် ဒဲလ်လက်စ်၊ ဧပြီ ၂၃ ရက်တွင် ချီကာဂို၊ ဧပြီ ၂၅ ရက်တွင် နယူးယော့ခ်နှင့် ဧပြီ ၂၇ ရက်တွင် အက်တလန်တာမြို့တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ပရိတ်သတ်များအနေဖြင့်  Powerhouse ဖေ့စ်ဘုတ်မှတစ်ဆင့် အချက်အလက်များကို ရှာဖွေနိုင်သည်။

ကနေဒါနိုင်ငံ ဖျော်ဖြေရေး ခရီးစဉ်အတွက် B.A.P သည် ဧပြီ ၁၉ ရက်တွင် ဗန်ကိုဗာမြို့ရှိ The Orpheum ပြဇာတ်ရုံတွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ဧပြီ ၂၄ ရက်တွင် တိုရန်တိုမြို့ရှိ Massey  ခန်းမ တွင် ဖျော်ဖြေသွားမည် ဖြစ်သည်။ ကနေဒါ ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို KpopMe မှ စီမံခန့် ခွဲပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly