တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ အဆိုးရွားဆုံးကိုဗစ်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် လူအများအပြားကို ဆေးစစ်မှုများ ပြန်လည်စတင်

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ အဆိုးရွားဆုံးကိုဗစ်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် လူအများအပြားကို ဆေးစစ်မှုများ ပြန်လည်စတင်

တရုတ်နိုင်ငံတောင်ပိုင်း ကုန်ထုတ်လုပ်မှုအချက်အချာဖြစ်သော ကွမ်ကျိုးတွင် ယနေ့အချိန်ထိ အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုအဖြစ် ၂ ရက်ဆက်တိုက် ရောဂါကူးစက်မှု ၂ ၀၀၀ ကျော်တွေ့ရှိခဲ့သောကြောင့် မြို့နေလူဦးရေ သန်းပေါင်းများစွာကို ကိုဗစ်-၁၉ စစ်ဆေးကြရန် နိုဝင်ဘာ ၉ ရက်တွင် ညွှန်ကြားလာသည်။

ဧပြီ ၃၀ ရက်နောက်ပိုင်းတွင် တရုတ်နိုင်ငံတစ်ဝန်း ဒေသတွင်းကူးစက်မှုအမြင့်ဆုံးရောက်ရှိခဲ့သောကြောင့် အာဏာပိုင်များက လူဦးရေ ၁၉ သန်းနီးပါးရှိသော ကွမ်ကျိုးမြို့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော ခရိုင် ၅ ခုသည် အစုလိုက်အပြုံလိုက်စမ်းသပ်ရမည်ဟု လူမှုမီဒီယာ၌ ကြေညာခဲ့သည်။

ယခုသီတင်းပတ်တွင် အစုလိုက်အပြုံလိုက်ရောဂါစစ်ဆေးမှုပြုလုပ်သော ကွမ်ကျိုးမှ ခရိုင်များတွင် ဟိုင်ဇူးခရိုင်လည်းပါဝင်ပြီး ရောဂါကူးစက်မှုအများအပြားတွေ့ရှိခဲ့သည်။ ရောဂါကူးစက်မှုများ များပြားလာသောကြောင့် ခရိုင်အနှံ့တွင် နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ အသွားအလာပိတ်ဆို့ထားမှုကို နိုဝင်ဘာ ၁၁ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့သည်။

“ကျွန်တော်နေတဲ့ တီယန်ဟဲခရိုင်က ရပ်ကွက်မှာ နိုဝင်ဘာ ၈ ရက်ကတည်းက အသွားအလာပိတ်ဆို့ထားတာပါ။ အိမ်ထဲကနေ အပြင်မထွက်ဖို့ ညွှန်ကြားထားပါတယ်။

“ဒီခရိုင်ကို ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာ မပြောကြပါဘူး။ တလောက စားသောက်ကုန်တွေ ဝယ်စုထားလို့ တော်သေးတယ်” ဟု ဂျေဆင်လီက ပြောသည်။

ကွမ်ကျိုးမြို့၌ ရောဂါဖြစ်ပွားမှုသည် လွန်ခဲ့သော သီတင်း ၂ ပတ်အတွင်း ပိုမိုဆိုးရွားလာကြောင်းနှင့် ဟိုင်ဇူးခရိုင် မြောက်ဘင် တီယန်ဟဲသို့ ပျံ့နှံ့ကူးစက်ခဲ့ကြောင်း ကွမ်ကျိုးမြို့သူ လီလီ ဆိုသူက ပြောသည်။

ကွမ်ကျိုးတွင် ယနေ့အချိန်ထိ အဆိုးရွားဆုံး ရောဂါဖြစ်ပွားမှုများဖြစ်ပွားနေရာ နိုဝင်ဘာ ၇ ရက်က ကိုဗစ် အတည်ပြုလူနာ ၂ ၃၇၇ ရှိရာမှ နိုဝင်ဘာ ၈ ရက်တွင် ၂ ၆၃၇ ဦးအထိ ရှိလာပြီး ထိုနေ့အတွက် တရုတ်နိုင်ငံလုံးရှိ ရောဂါကူးစက်သူ ၈ ၁၇၆ ဦး၏ ၃ ပုံ ၁ ပုံနီးပါးရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly