အဒဲလ်၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဘဲလ်ဖက်စ်မြို့တွင် စတင်

အဒဲလ်၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဘဲလ်ဖက်စ်မြို့တွင် စတင်

နယူးယော့ခ်၊ မတ် ၁ ။         ။ ပေါ့ကြယ်ပွင့် အဒဲလ်သည်  ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၉ ရက် က အိုင်ယာလန်နိုင်ငံမြောက်ပိုင်း ဘဲလ်ဖက်စ်မြို့ရှိ SSE အားကစားကွင်းတွင် စတင်ကျင်းပပြုလုပ် ခဲ့သည်။

အဒဲလ်သည် နှစ်နာရီကျော်ကြာသည့် ဖျော်ဖြေပွဲတွင် သီချင်း ၁၈ ပုဒ် သီဆိုခဲ့ပြီး လေးနှစ်ခွဲ ကာလအတွင်း ၎င်း၏ ပထမဆုံးအကြိမ် ဗြိတိန်ဖျော်ဖြေပွဲ ဖြစ်သည်။ အဒဲလ်၏ ပရိတ်သတ်များသည်  ဖျော်ဖြေပွဲကို ကြည့်ရှုရန် ဂျပန်နှင့် တောင်အာဖရိက နိုင်ငံတို့မှ လာရောက်ခဲ့ကြသည်။

“ပရိတ်သတ်တွေထဲက တစ်ချို့ကို ဆွဲခေါ်သွားနိုင်မယ်လို့ ကျွန်မ သိနေတယ်။ ကျွန်မသီချင်း တစ်ချို့က ဝမ်းနည်းမှုတွေ ဖြစ်ပေါ်စေတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေကို ကျွန်မဘက် ပါလာအောင် လုပ်ဆောင်သွားမယ်” ဟု အဒဲလ်က ပြောကြားသည်။

အဒဲလ်သည် ဖျော်ဖြေပွဲတွင် တေးဂီတဇယား၌ ထပ်မံ ထိပ်ဆုံးမှ ရပ်တည်နေသော ၎င်း၏ “Hello” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်းနှင့် ယင်းနောက် “Hometown Glory” တေးသီချင်းဖြင့်   ဖျော်ဖြေခဲ့သည်။ အဒဲလ်သည် “Hometown Glory” တေးသီချင်းစားသားကို “round your hometown” ဟု ပြောင်းလဲသီဆိုခဲ့ရာ ပရိတ်သတ်များက  အားပါးတရ အားပေးခဲ့ကြသည်။

အဒဲလ်သည် ဖျော်ဖြေပွဲတွင် One and Only ၊ Rmuour Has It ၊ Water Under The Bridge နှင့် Make You Feel My Love တေးသီချင်းများ အပါအဝင် တေးသီချင်းများစွာကိုလည်း  သီဆိုခဲ့ သည်။ အဒဲလ်၏ မကြာသေးမီက ထွက်ရှိထားသော “25” တေးသီချင်း အယ်လ်ဘမ်သည် လေးလ တာကာလအတွင်း ကမ္ဘာတစ်ဝန်းတွင် အချပ်ရေ ၁၄ သန်း ရောင်းချခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly