လီဗြောင်ဟွန်းနှင့် ဆူမီဂျိုတို့ အော်စကာဆုပေးပွဲ တတ်ရောက်

လီဗြောင်ဟွန်းနှင့် ဆူမီဂျိုတို့ အော်စကာဆုပေးပွဲ တတ်ရောက်

ဆိုးလ်၊ မတ် ၁ ။       ။ တောင်ကိုရီးယား မင်းသား လီဗြောင်ဟွန်းနှင့် အဆိုတော် ဆူမီဂျိုတို့သည် ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲသို့ တတ်ရောက်ခဲ့ကြောင်းနှင့် လီသည် အော်စကာဆုပေးပွဲသို့ တတ်ရောက်သည့် ပထမဆုံး ကိုရီးယားမင်းသား ဖြစ်လာသည်။

လီသည် ကိုရီးယားတွင် ပရိတ်သတ်များ၏ အားပေးမှုကို ရရှိထားသော သူတစ်ဦးဖြစ်ပြီး “G.I. Joe” ဇာတ်လမ်းတွဲ၊ “RED 2” နှင့် “Terminator Genisys” အပါအဝင် ဟောလီးဝုဒ် ရုပ်ရှင်ကားများ တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

အော်စကာဆုပေးပွဲသို့ ကိုယ်စားပြု တတ်ရောက်ရန် လီဗြောင်ဟွန်း ဖိတ်ကြားခံရမှုသည် ၎င်းအတွက် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ယူဆထားသည်။ ယခုနှစ်တွင် ဆူမီဂျိုပါဝင် သော ဒါရိုက်တာ ပါအိုလီဆော်ရန်တီနို၏ “Youth” ဇာတ်ကားတွင် ဇာတ်ဝင်တေးသီးချင်းဖြစ်သော အဆိုတော် ဒေးဗစ်လန်း၏ “Simple Song # 3” တေးသီချင်းသည် အကောင်းဆုံး ဇာတ်ဝင်တေး သီချင်းအဖြစ် ရွေးချယ် သတ်မှတ်ခံထားရသည်ကို တွေ့မြင်ခဲ့သည်။

ကိုရီးယား ပရိတ်သတ်များသည် အော်စကာစင်မြင့်တွင် ဆူမီဂျို၏ ဖျော်ဖြေတင်ဆက်မှုကို မြင်တွေ့ခဲ့ရသည်။ အော်စကာဆုပေးပွဲတွင် The Weeknd ၊ လေဒီဂါဂါနှင့်  ဆမ်စမစ်တို့သည်လည်း တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly