MPC ရန််ပုံငွေရပ်သော်လည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လုပ်မည်

MPC ရန််ပုံငွေရပ်သော်လည်း အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆက်လုပ်မည်

ရန်ကုန်၊ မတ် ၁ ။              ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လက်ရှိဦးဆောင်နေသည့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) အား မတ်လကုန်တွင် ရန်ပုံငွေရပ်တန့် မည်ဖြစ်သော်လည်း အပစ်အခတ်ဆိုင်ရာစောင့်ကြည့်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေမည်ဖြစ်ကြောင်း အဆိုပါဌာန၏ အပစ်အခတ်ရပ်စဲရေးဌာန ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

" MPC လုပ်ငန်းအတွက် Funding ရပ်တာကတော့ ၃၁ ရက်နေ့မှာ ရပ်တာ။ တစ်ချို့ လုပ်ငန်းတွေ ဆက်ရှိတာ မျိုးလည်းရှိရင်ရှိမှာပေါ့။ ငွေစာရင်း ပိတ်တာတို့ဘာတို့ ဆက်ရှိရင်လည်းရှိမှာပေါ့။နောက် ကျွန်တော်တို့ အပစ် အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့လုပ်ငန်းစဉ်တွေလည်း ရှိမှာပေါ့" ၎င်းကဆိုသည်။

ဌာနတစ်ခုလုံး ဖျက်သိမ်းရန် ကိစ္စ အတိကျမပြောနိုင်သော်လည်း လတ်တလောထောက်ပံ့နေသည့် ပြည်ပ ထောက်ပံ့မှုများ မတ်လကုန်တွင် ရပ်တန့်တော့မည်ဖြစ်သည်ဟု ၎င်းကပြောသည်။

" အဲဒီဟာ ကျွန်တော်တို့ကို ဘာမှပြောတာမရှိဘူးဗျ။ နောက်အစိုးရကလည်းဘာမှပြောတာမရှိဘူး။ အခုအစိုး ရကလဲ ဘာမှ ပြောတာမရှိဘူး။ ကျွန်တော်တို့ သိတာကတော့ ၃၁ ရက်နေ့အထိကတော့ ကျွန်တော်တို့ ဆက် ရှိမယ်ပေါ့။နောက်ပိုင်းကတော့ နောက်အစိုးရဘယ်လို လုပ်မလည်း အဲဒီအပေါ်မှာ အခုအစိုးရက ဘယ်လိုလွှဲ မလဲ အဲဒီအပေါ်မှာပဲ မူတည်တယ်"ဟု ဒေါက်တာမင်းဇော်ဦးက ပြော သည်။

မကြာမီတွင် အစိုးရသစ်ဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း အဆိုပါဌာန ဖျက် သိမ်းခြင်း မဖျက်သိမ်းခြင်း ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ ဆုံးဖြတ်ချက်မရရသေးကြောင်း သိရသည်။

" ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်မှာပါ။ ငြိမ်းချမ်းရေးစင်တာက လုပ်ခဲ့တဲ့ ပုံစံတော့ ဟုတ်ချင်မှ ဟုတ် မှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ဒီဟာကို ယတိပြတ်လည်း အဆုံးအဖြတ်မပြုရသေးပါဘူး"ဟု အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုစင်တာကို မူဝါဒဆိုင်ရာအကြံဉာဏ်များ ပေး ခြင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲခြင်းပညာရပ်ပိုင်းဆိုင်ရာနှင့် နည်းပညာ ဆိုင်ရာ ထောက်ပံ့ခြင်း နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင်ပါဝင် သည့်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ အကြား ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ရန် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးနှင့် အကောင်အထည် ဖော်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေးညှိနှိုင်းမှုများ အကောင်အထည်ဖော်ရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး၊ လူထုဆက်သွယ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာအချက်အလက်များ ဖြန့်ဝေ၊ ပြန်ကြားရေး မြေ မြုပ်မိုင်း ရှင်းလင်းရေး လုပ်ငန်းများကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း လုပ် ဆောင် နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် EU, UN , JICA နှင့် ကမ္ဘာ့ဘဏ် တို့ အပါအဝင် ပြည်ပအလှူရှင်နှင့် မိတ်ဖက်အဖွဲ့အစည်း ၂၆ ဖွဲ့ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly