ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုန့ယ်ရှိ တိုက်ခန်းတစ်ခုတွင် သက်ကြီးပိုင်း ဇနီးမောင်နှံ၂ဦး ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရ

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုန့ယ်ရှိ တိုက်ခန်းတစ်ခုတွင် သက်ကြီးပိုင်း ဇနီးမောင်နှံ၂ဦး ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရ

October 31

ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုန့ယ်၊ ကန်တော်လေးမြောက်ရပ်ကွက်၊ မန္တလေး လမ်းရှိ တိုက်ခန်းတစ်ခုတွင် သက်ကြီးပိုင်းဇနီးမောင်နှံနှစ်ဦး ဓားဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရ ကြောင်း ဒေသခံများက ပြောသည်။

“အသတ်ခံရတာ လင်မယားနှစ်ယောက်ပါ။ ဒီအတိုင်း အသတ်ခံရတာတော့ မဟုတ်ဘူး။ ပစ္စည်းနဲ့ ငွေ တွေပါသွားတယ်လို့ ပြောတယ်။ ပြောချင်တာက လူပဲသတ်ခဲ့တာမဟုတ်ဘူး။ လူမသိရင် သူခိုး၊ လူမိတော့ ဓားပြတွေဖြစ်ကုန်တာ။ အခုက လူကို အသေသတ်ခဲ့တာ။ အဲ့ဒါ တော်တော်ဆိုးတယ်။ အိမ်ထဲမှာဖြစ် နေ တာဆိုတော့ ပတ်ဝန်းကျင်ကလည်းမသိလိုက်တာပါမယ်။ ပုပ်နံ့တောင်ထွက်လာပြီဆိုတော့ ရက်နည်း နည်းရနေလောက်ပြီ။ အနံ့ရလို့ အခင်းဖြစ်တဲ့အခန်းထဲဝင်ကြည့်တော့ အလောင်းမှာ ဓားဒဏ်ရာနဲ့တွေ့ တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ယခုဖြစ်စဉ်အား အနုကြမ်းစီးလူသတ်မှုဖြစ်နိုင်ကြောင်း ဒေသခံများမှခန့်မှန်းပြောဆိုနေကြသလို အသတ် ခံလိုက်ရသော ဇနီးမောင်နှံနှင့်ပတ်သက်ရာ ဆွေးမျိုးသားချင်း ရှိ/မရှိ စုံစမ်းမှုများလည်း ပြုလုပ်နေကြ ကြောင်း သိရသည်။ အသတ်ခံလိုက်ရသော လင်မယားနှစ်ဦးစလုံးမှာ အငြိမ်းစား ကျောင်းဆရာ/ ဆရာ မများ ဖြစ်ကြကြောင်းလည်း ထပ်မံသိရှိရသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးတွင် နေ့စဉ်နှင့်အမျှ ဖုန်းခိုးခံခြင်း၊ ခါးပိုက်နှိုက်ခံရခြင်းနှင့် ဓားထောက် လုယက်၊ သတ်ဖြတ်ခံရခြင်း စသည့်သတင်းများသာ အများဆုံးတွေ့ရပြီး မိမိကိုယ်ကို ခုခံကာကွယ်ရန် ခက်ခဲ့သည့်အခြေအနေထိ အုပ်စုဖွဲ့ လုယက်သတ်ဖြတ်ခြင်းများလည်း အများဆုံး ကြုံတွေ့နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်

#အနုကြမ်းစီး

#လူသတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly