ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အနှေး နှင့် အမြန်သာကွာမည်ဟု ဦးဝင်းထိန်ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အနှေး နှင့် အမြန်သာကွာမည်ဟု ဦးဝင်းထိန်ပြော
ဓာတ်ပုံ - နေသာ

နေပြည်တော်၊ မတ် ၁ ။              ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန်အတွက် အချိန် အနှေးနှင့်အမြန်သာ ကွာခြားမည်ဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းထိန်ကပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ နှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် အစည်းအဝေး စတင်ကျင်းပ ရန်နေ မတ် ၁၇ ရက်နေ့အစား အမတ်လ ၁၀ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်လိုက်သည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေ ရှိသေးလားဟု သတင်းထောက်များက မေးမြန်းရာ ယခုကဲ့သို့ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ့် ကိစ္စက ဖြစ်ကိုဖြစ်မှာ ရွှေ့တာမရွှေ့တာ နှင့် ဘာမှမဆိုင်ဘူး နှေးတာနဲ့မြန်တာ ဒီနှစ်ခုပဲကွာမယ် ” ဟု ဦးဝင်းထိန်ကပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင် အစိုးရဖွဲ့နိုင်ကာသမ္မတ တင်မြှောက်ခွင့်ရရှိသည်အထိ ရွေးကောက်ပွဲတွင်အနိုင်ရရှိထားခဲ့သော်လည်း ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အကြီးအကဲ သတ်မှတ်ချက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) နှင့် မကိုက်ညီသည့်အတွက် သမ္မတ ဖြစ်နိုင်မည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags