ဂျီချောင်ဝုခ် တရုတ် ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

ဂျီချောင်ဝုခ် တရုတ် ဒရမ်မာဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယားမင်းသား ဂျီချောင်ဝုခ်သည် တရုတ် ဒရမ်မာဇာတ်ကား “The Whirlwind Girl 2” တွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်မီဒီယာက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဂျီသည် လူကြိုက်များသည့် ဒရမ်မာဇာတ်ကား “The Whirlwind Girl 2” တွင် ပါဝင် သရုပ် ဆောင်သွားမည်ဖြစ်ပြီး ယင်းဇာတ်ကားကို ဟူနန်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

မကြာမီ ထုတ်လွှင့်ပြသမည့် ယင်းဇာတ်ကားတွင် အပိုင်း ၂၈ ပိုင်း ပါဝင်မည်ဖြစ်ပြီး ဂျီသည် ရှန်ဟိုင်းနှင့် ချောင်ရှာမြို့တွင် မတ် ၃၀ ရက်တွင် ဇာတ်ကား စတင်ရိုက်ကူးမည်ဖြစ်ပြီး သုံးလကြာ မြင့်မည် ဖြစ်သည်။

ဂျီသည် တရုတ်ဇာတ်ကား “My Mael God” တွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက် ယင်းဇာတ်ကားသည် ဂျီပါဝင်သရုပ်ဆောင်မည့် ဒုတိယမြောက် တရုတ်ဇာတ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly