မြင်းခြံထောင်တွင် နိုင်ကျဉ်းများကို အကြောင်းမဲ့ရိုက်နှက်

မြင်းခြံထောင်တွင် နိုင်ကျဉ်းများကို အကြောင်းမဲ့ရိုက်နှက်

အောက်တိုဘာ ၂၁

မန္တလေးတိုင်း၊မြင်းခြံထောင်သို့ ထောင်အသီးသီးမှပြောင်းရွှေ့လာသည့် နိုင်ငံရေးအကျဉ်းသားများကို သံခြေကျင်းခတ်ပြီး အလုပ်ကြမ်းများခိုင်းနေသလို အကြောင်းမဲ့ ရိုက်နှက်နေမှုများ ပြုလုပ်နေကြောင်းသိရသည်။

"အခုလို အဖြစ်မျိုးတွေက အတော်ဆိုးတယ်။နိုင်ကျဥ္းတွေ အခုလိုထောင်းတွင်းမှာ ဖိနှိပ်တာတွေလုပ်တာကို ရှုတ်ချတယ်။ကျွန်တော်တို့ အခုလတ်တလောတာ့ ထောင်ဝင်စာပို့နိုင်အောင်ကြိုးစားနေတယ်။သူတို့ပိတ်လည်း ရရအောင်လုပ်ရမှာပဲ။အစားအသောက်ကထား ဆေးဝါးကတော့ ရဲဘော်တွေအတွက် လိုတယ်။"ဟု နိုင်ကျဥ္းဟောင်းတစ်ဦးကပြောသည်။

ထိုသို့ မြင်းခြံထောင်မှ နိုင်ကျဥ္းများကို သံခြေကျင်းခတ်ပြီး အလုပ်ကြမ်းများခိုင်းခြင်း၊အကြမ်းဖက်ခြင်းများနှင့်ပတ်သက်၍လည်း မုံရွာလူထု သပိတ်ဦးဆောင် ကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

မြင်းခြံထောင်သို့ အောက်တိုဘာ ၇ရက်တွင် မန္တလေး အိုးဘိုထောင်မှ နိုင်ကျဥ္း ၁၅၀ဦးနှင့်အောက်တိုဘာ ၁၅ရက်တွင် ပခုက္ကူအကျဥ္းထောင်မှနိုင်ကျဥ္း ၇၅ဦးတို့ ပြောင်းရွှေ့ခံခဲ့ရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly