ဂျပန် ပန်းချီပညာရှင် ယိုကိုအိုနို တုပ်ကွေးလက္ခဏာကြောင့် ဆေးရုံတွင် ကုသမှုခံယူ

ဂျပန် ပန်းချီပညာရှင် ယိုကိုအိုနို တုပ်ကွေးလက္ခဏာကြောင့် ဆေးရုံတွင် ကုသမှုခံယူ

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၇။             ။ ဂျပန်ပန်းချီပညာရှင် ယိုကိုအိုနိုသည် တုပ်ကွေးလက္ခဏာကြောင့် ဖေဖော်ဝါရီ ၂၆ ရက်က နယူးယော့ခ်မြို့ ဆေးရုံတွင် တတ်ရောက်ခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Eliot Mintz က ပြောကြားသည်။

အသက် ၈၃ နှစ်အရွယ်ရှိ အိုနိုသည် လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါကို ခံစားရနိုင်ဖွယ် ရှိကြောင်း အမရိကန်မီဒီယာတစ်ခု၏ ပြောကြားချက်ကို Eliot Mintz ကမဟုတ်ကြောင်း ပြောကြားခဲ့ပြီး အိုနိုသည် ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆေးရုံမှ ဆင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိုနို၏ဆရာဝန်က တုပ်ကွေးလက္ခဏာ တွေ့ရှိခဲ့ခြင်းကြောင့် ကြိုတင် ကာကွယ်သည့်အနေဖြင့် ဆေးရုံသို့ သွားရောက်ရန် အကြံပြုခဲ့ကြောင်း Mintz က ပြောကြားသည်။

အိုနိုသည် ပန်းချီဆရာမအဖြစ် ဆယ်စုနှစ်ငါးနှစ်ကျော် လုပ်ဆောင်ခဲ့ကြောင်းနှင့် လွန်ခဲ့သည့် နှစ်က နယူးယော့ခ်မြို့ရှိ မော်ဒန်ပန်းချီ အနုပညာပြတိုက်တွင် ၁၉၆၀ ပြည့်လွန်နှစ်က နယူးယော့ခ်မြို့၌ အနုပညာ ဖွံ့ဖြိုးတိုးတတ်မှုအပေါ် လွှမ်းမိုးထားသည့် ၎င်း၏ စိတ်ကူးများကိုပြသသည့် အစောပိုင်း အနုပညာလက်ရာများ ပြပွဲကို ပြုလုပ်ခဲ့သည်။

အိုနိုသည် လန်နွန်နှင့် ၁၉၆၉ ခုနှစ် မတ် ၂၀ ရက်တွင် လက်ထပ်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် သားဖြစ်သူ ဆီအန်ကို မွေးဖွားခဲ့ကြောင်းနှင့် ခင်ပွန်းဖြစ်သူ လန်နွန်သည် ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်တွင် နယူးယောက်မြို့ ဗဟိုပန်းခြံ အနောက်ဘက်နားရှိ Dakota အဆောက်အအုံ ပြင်ပတွင် သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly