Elle မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ပက်ခ်ရှင်ဟေး

Elle မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ပက်ခ်ရှင်ဟေး

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇။          ။ တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည်  Elle Hong Kong မဂ္ဂဇင်းနှင့်  Elle Taiwan မဂ္ဂဇင်းတို့အတွက် မျက်နှာဖုံးဓာတ်ပုံကို ရိုက်ပေးခဲ့ပြီး အာရှတွင် ၎င်း၏ လွမ်းမိုးမှုကို ပြသရန် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

ပက်ခ်ရှင်ဟေးသည် မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံများတွင် ချစ်စဖွယ်ကောင်းအောင် လှပနေ သည်ကို တွေ့မြင်ရပြီး နွေဦးဂါဝန်ကို ဝတ်ဆင်ထားကာ ကင်မရာကို ညို့အားပြင်းပြင်း စိုက်ကြည့် နေသည်ကို တွေ့ရသည်။

Hong Kong Elle မဂ္ဂဇင်းမှ ဝန်ထမ်းတစ်ဦးက ပက်ခ်ရှင်းဟေးနှင့် အတူအလုပ်လုပ်ရသော အတွေ့အကြုံများကို မျှဝေခဲ့သည်။ “ပက်ခ်ဟာ ဓာတ်ပုံရိုက်ရာမှာ ဓာတ်ပုံရိုက်ကူးမှု တစ်ခုလုံးကို စိတ်နှစ်ပြီး လုပ်ဆောင်တယ်” ဟု Hong Kong Elle မဂ္ဂဇင်းမှ ဝန်ထမ်းက ပြောကြားသည်။

ပက်ခ်ရှင်ဟေး၏ ဓာတ်ပုံများကို မတ်လထုတ် Elle Hong Kong  မဂ္ဂဇင်းနှင့် Elle Taiwan မဂ္ဂဇင်းတို့တွင် တွေ့မြင်ရမည်ဖြစ်ပြီး မဂ္ဂဇင်းများကို ဖေဖော်ဝါရီ ၂၃ နှင့် ၂၆ ရက်တို့တွင် အသီးသီး ထုတ်ဝေသွားမည် ဖြစ်သည်။

ပက်ခ်ရှင်ဟေးသည် မကြာသေးမီက ရိုက်ကူးခဲ့သော “Brother” ရုပ်ရှင်ကားဖြင့် ရုပ်ရှင်လော သို့ ပြန်လာမည်ဖြစ်ပြီး ယင်းရုပ်ရှင်တွင်  EXO အဖွဲ့ဝင် ဒီအိုနှင့် ဂျိုဂျောင်ဆွတ်ခ်တို့က ပူးတွဲ ပါဝင်သရုပ် ဆောင်ထားပြီး မကြာမီ ရုပ်ရှင်ရုံများတွင် ထုတ်လွှင့်ပြသမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly