မိုးကောင်းမြို့ ၄ မိုင်ဆရာတော် သေနတ်နှင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

မိုးကောင်းမြို့ ၄ မိုင်ဆရာတော် သေနတ်နှင့်ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

October 17

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ မိုးကောင်းမြို့အဝင် ရေရှင်ကျေးရွာအုပ်စု ၊ ၄ မိုင်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒကို ယမန်နေ့ ည ၈ နာရီခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့၍ ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ညပိုင်းက ဘုန်းကြီးကျောင်းဝင်းတွင် အုပ်ချုပ်ရေးမှူးနှင့် စကားပြောနေစဉ် အမည်မသိလက် နက်ကိုင်အဖွဲ့မှ ကားဖြင့် လာရောက်ကာ ပစ်ခတ်ခဲ့၍ ယင်းနေရာတွင်ပင် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးနဲ့ သူတို့ (ကျောင်းထိုင်ဘုန်းကြီး) ကျောင်းထဲမှာ စကားပြော နေကြတဲ့အချိန်မှာ ပစ် ခတ်ခံလိုက်ရတာ ဟုတ်တယ်။ ကားနဲ့လာပြီး ဝင်ပစ်သွားတော့ ဘုန်းကြီးက သေနတ်ဒဏ်ရာတော်တော်များတယ်။ အုပ်ချုပ်ရေးမှူးကတော့ ဘာမှမဖြစ်ဘူး။ လွတ်သွားတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အသက် (၆၀) အရွယ် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒအား မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းကို ယခုအချိန်ထိ ထုတ်ပြန်ထားခြင်းမရှိပေ။

စာတည်း။ ။မောင်ကောင်း

#ကချင်ပြည်နယ်

#မိုးကောင်းမြို့

#၄မိုင်ကျေးရွာ

#ကျောင်းထိုင်ဆရာတော်

#ပစ်ခတ်ခံရ

#ပျံလွန်တော်မူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required