October 15
မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်စခန်းအတွင်းသို့ ၁၀၇ ရှော့တိုက်ဒုန်းသုံးလုံးဖြင့် ယမန်နေ့ အောက်တိုဘာလ ၁၄ရက် ည ၇ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အမည်မဖော်လိုသည့် UG အဖွဲ့တစ်ခုက ပြောသည်။
အမှတ်(၃)လမ်းမပေါ်ရှိ မင်္ဂလာဒုံလေတပ်ပြုပြင်ရေးစခန်းအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
" စခန်းဂိတ်ကို ပစ်တာမဟုတ်ဘူး။ စခန်းအတွင်းထဲကိုပစ်လိုက်တာ၊ သုံးလုံးကစားတာ၊ တစ်လုံးကတော့ cancle ဖြစ်သွားတယ်။ ထိခိုက်မှုကတော့များနိုင်တယ်"ဟု အမည်မဖော်လိုသူ UG အဖွဲ့၏ ရဲဘော်တစ်ဦးက ပြောသည်။
၁၀၇ မမ ရှော့တိုက်ဒုန်း အမျိုးအစားဖြင့် မင်္ဂလာဒုံလေတပ်ပြုရေးရေးစခန်းအတွင်းသို့ ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီမှ ထိခိုက်မှုများနိုင်ပြီး ကာကွယ်ရေးတပ်ဖွဲ့များမှာ အန္တရယ်ကင်းစွာဆုတ်ခွါနိုင်ခဲ့ကြသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး