အဆိုတော် ပိုပို၏ သင်္ကြန်ဆုတောင်း တေးအယ်ဘမ် မတ်လ ၆ရက်တွင် ထွက်ရှိမည်

အဆိုတော် ပိုပို၏ သင်္ကြန်ဆုတောင်း တေးအယ်ဘမ် မတ်လ ၆ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ။               ။ အဆိုတော် ပိုပို၏ ပထမဆုံး သြင်္ကန် တေးအယ်ဘမ် အဖြစ် သြင်္ကန်ဆုတောင်းဟု အမည် ပေးထားသည့် Mini Album ကို မတ်လ ၆ရက်တွင် Bo Bo Music Production မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် ပိုပို၏ သြင်္ကန်ဆုတောင်း တေးအယ်ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ရက်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ Central Hotel တွင် ကျင်းပခဲ့သည်။

သြင်္ကန်ဆုတောင်း တေးအယ်ဘမ်တွင် တေးသီချင်း ၆ပုဒ် ပါဝင်ပြီး တေးသီချင်း အားလုံးကို အဆိုတော် ပိုပို ကိုယ်တိုင် ရေးသားထားကာ Featuring အဆိုတော်များ အနေဖြင့် ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ စုစန္ဒီထွန်းတို့မှ ပါဝင် သီဆိုပေးထားသည်။

အဆိုတော် ပိုပိုက "သြင်္ကန် သီချင်းတွေဆို အရမ်းကြိုက်တာကြောင့် သြင်္ကန် သီချင်းခွေလေး လုပ်ချင်တာနဲ့ သြင်္ကန်ဆုတောင်း အခွေလေးကို လုပ်ဖြစ်တာပါ။ ပရိသတ်တွေ အနေနဲ့ တစ်ခွေ ဝယ်လိုက်တာနဲ့ Music Video တစ်ချပ်ရယ် Audio CD တစ်ချပ်ရယ် MTV တစ်ချပ်ရယ် စုစုပေါင်း ၃ချပ် ပါဝင်မှာပါ "ဟု ပြောသည်။

ထို သြင်္ကန် တေးအယ်ဘမ်တွင် တေးသီချင်း ပုံစံများ အနေဖြင့် မြန်မာဒိုး ပုံစံ တေးသီချင်း တစ်ပုဒ်၊ Rock တေးသီချင်း တစ်ပုဒ်၊ Popပုံစံ၊ အမြူးပုံစံ စသည့် တေးသီချင်း အစုံအလင် ထည့်သွင်းထားကြောင်း ၎င်းက ဆိုသည်။

သြင်္ကန်ဆုတောင်း တေးအယ်ဘမ် တွင် Music Video တစ်ချပ် ၊ Audio CD တစ်ချပ် ၊ MTV တစ်ချပ် စုစုပေါင်း ၃ချပ် ပါဝင်မည် ဖြစ်ပြီး သရုပ်ဆောင် အစုံအလင်ဖြင့် ရိုက်ကူး ထားသလို အဆိုတော် ပိုပို ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်ထားသည်။

သြင်္ကန်ဆုတောင်း တေးအယ်ဘမ်ကို မတ်လ ၆ရက်တွင် စတင် ဖြန့်ချိမည် ဖြစ်ပြီး အခွေ ပရိုမိုးရှင်း အနေဖြင့် အခွေ ထွက်ရှိသည့် နေ့တွင် Dagon Centre 2 Outdoor Area တွင် ညနေ ၄နာရီ မှ ၇နာရီ အထိ အနုပညာ ရှင် များနှင့် အတူ အမှတ်တရ လက်မှတ် ရေးထိုး ပေးမည် ဖြစ်သည်။

ပထမဆုံး အခွေ လာရောက် ဝယ်ယူသည့် အယောက် ၁၀၀ကို တီရှပ်၊ ကီးချိန်းများ လက်ဆောင် ပေးသွားမည့် အပြင် အဆိုတော် ပိုပို မှ ဂစ်တာ ၃လက်ကိုလည်း အခွေဝယ်ယူအားပေးသည့် ပရိသတ်များအတွက် ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly