ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့

ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပို့

အင်္ဂပူ၊ဖေဖော်ဝါရီ ၂၇ ။               ။ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့မဲစလီကုန်းကျေးရွာအုပ်စု ရုံးဇင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြုလုပ်သည့် ဗိုလ်အောင်ကျော်ရာပြည့် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် "၁၉၈၈ခုနှစ်မှာ ဒီမိုကရေစီအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ပြီး ဒီနေ့အထိ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ တာဝန်တွေကမပြီးဆုံးသေးပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည့်က ရေးသားထားသည်။

ယနေ့အထိ ဒီမိုကရေစီအရေးတော်ပုံ မပြီးဆုံးသေးသည့်အတွက် တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် ယနေ့မျိုးဆက်များ၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းထားသည်။

သဝဏ်လွှာတွင် "ကျွန်မတို့တစ်တွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးအတွက်ရည်ရွယ်လုပ်ဆောင်သွားကြရင်းကျဆုံးသွားတဲ့ အာဇာနည်များကိုတော့ နှစ်ပေါင်းရာထောင်မက သတိရနေတတ်ကြပါတယ်၊ဗိုလ်အောင်ကျော်ဟာ ကိုလိုနီ နယ်ချဲ့ကိုလိုနီများကို ကျောင်းသားဘဝနဲ့ ရှေတန်းကနေ တွန်းလှန်တိုက်ပွဲဝင်ခဲ့တယ်၊ကျွန်မသိတယ် ဗိုလ်အောင်ကျော်ဟာ မြန်မာ့ယဉ်ကျေးမှု၊မြန်မာ့အစဉ်အလာတွေကိုမြတ်နိုးတန်ဖိုးထားတယ်၊မြန်မာပြည်ကြီးကိုချစ်ခဲ့တယ်"ဟု သဝဏ်လွှာတွင်ရေးသားထားသည်။

တိုင်းပြည်အတွက်ရဲဝံ့စွာလုပ်ဆောင်သွားခဲ့ပြီး ၁၉၃၈ခုနှစ်တွင်  ၁၃၀၀ပြည့်အရေးတေ်ပုံကြီး၏ တာဝန်များ ကိုထမ်းဆောင်ရင်ကျဆုံးသွားခဲ့ကြောင်း အရေးတော်ပုံကြီးခဲ့သည့်နောက် ၁၀နှစ်ကြာမြန်မာပြည်ကြီး လွတ်လပ်ရေးရခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

"ယခုအခါ ကျွန်မတို့နိုင်ငံမှာ ဗိုလ်အောင်ကျော် လို တိုင်းပြည်အပေါ်တာဝန်ကျေတဲ့ သားကောင်း၊သမီးကောင်းများကိုလိုအပ်နေပါတယ်၊ကျွန်မတို့ တိုင်းပြည်နဲ့ပြည်သူလူထုအများ ရေရှည်ကောင်းစားဖို့၊ ငြိမ်းချမ်းဖို့ဆိုတာ ကျွန်မတို့အားလုံးကဝိုင်ဝန်းတည်ဆောက်မှရရှိမှာမို့ တိုင်းပြည်နဲ့ပြည်သူလူထုအတွက်ကျရာအခန်းကဏ္ဍ ကနေ ဝိုင်းဝန်းတည်ဆောက်ခြင်းအားဖြင့် ဗိုလ်အောင်ကျော်ကိုဂုဏ်ပြုကြပါလို့ တိုက်တွန်းနှိုးဆော်ကြောင်း" နှိုးဆော်ထားသည်။

ယင်းအခမ်းအနားသို့ ၈၈ မျိုးဆက်များ၊ ကျောင်းသားအဖွဲ့အစည်း အသီးသီးတက်ရောက်ကြပြီး၊ သဝဏ်လွှာများပေးပို့ဖတ်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly