အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို အပြစ်ဆိုကာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ် 

အမေရိကန်နှင့် တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို အပြစ်ဆိုကာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ် 

အောက်တိုဘာလ ၆ ရက်

မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးခင်က ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်သော လက်နက်စမ်းသပ်မှုများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်များကို ဆန့်ကျင်သည့် လိုအပ်သော တန်ပြန်လုပ်ငန်းစဉ်များအဖြစ် အတည်ပြုပြောဆိုရင်း ကြာသပတေးနေ့တွင် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပစ်လွှတ်သည်။ 

မြောက်ကိုရီးယား၏ အင်္ဂါနေ့က ဂျပန်နိုင်ငံကို ဖြတ်ပြီး တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည့် အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တွေ့ဆုံဆွေးနွေးလျက် ရှိနေစဉ် ကိုရီးယားကျွန်းဆွယ်၌ “စစ်ရေး တင်းမာမှုများ အရှိန်မြင့်တက်ခြင်း” ကို အမေရိကန်အပေါ် အပြစ်ဆိုသည်။ 

သီတင်းပတ် နှစ်ပတ်အတွင်း အနည်းဆုံး ခြောက်ကြိမ်တိုင် ပြီးခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုများသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို ကိုရီးယားပြည်သူ့စစ်တပ်က “တန်ပြန်ခြင်း လုပ်ငန်းစဉ်”သာ ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။ 

မကြာသေးသော သီတင်းပတ်များအတွင်း တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့် ဆောင်ရွက်နေပြီး အကြီးစား ရေတပ် စစ်ချီစစ်တက်နှင့် ရေငုပ်သင်္ဘောဖျက် စစ်ရေးလေ့ကျင့်မှုများလည်း ပါဝင်သည်။ 

အမေရိကန်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး USS Ronald Reagan လေယာဉ်တင်သင်္ဘောအား တစ်လအတွင်း ဒုတိယမြောက် ခရီးစဉ်အဖြစ် တောင်ကိုရီးယား အရှေ့ဘက်ရေပြင်တွင် ဖြန့်ကြက်ဦးမည်ဖြစ်ကြောင်း တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

“ကိုရီးယားကျွန်းဆွယ် အခြေအနေများ တည်ငြိမ်ရေးကို ဆိုးဝါးသည့် ခြိမ်းခြောက်မှုအဖြစ်” မြေက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ 

မြောက်ကိုရီးယား၊ ဆမ်ဆော့ဧရိယာမှ ဂျပန်ပင်လယ်ဟုလည်းခေါ်သော အရှေ့ပင်လယ်ဆီ တာတိုပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်လွှတ်မှုကို ထောက်လှမ်းတွေ့ရှိကြောင်း တောင်ကိုရီးယားစစ်တပ်က ကြာသပတေးနေ့ အစောပိုင်းတွင် ပြောသည်။ 

ပထမ ဒုံးကျည်သည် ကီလိုမီတာ ၈၀ အမြင့်မှ ကီလိုမီတာ ၃၅၀ အထိ ပျံသန်းကြောင်း၊ ဒုတိယ ဒုံးကျည်မှာ ကီလိုမီတာ ၆၀ အမြင့်မှ ကီလိုမီတာ ၈၀၀ အထိ ပျံသန်းကြောင်း ၎င်းတို့၏ စိစစ်ချက်အရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly