မက်ဒေါနား၏ ဖျော်ဖြေပွဲကို သပိတ်မှောက်ရန် ဖိလစ်ပိုင် ကက်သလစ် ဘုန်းတော်ကြီးများ တိုက်တွန်း

မက်ဒေါနား၏ ဖျော်ဖြေပွဲကို သပိတ်မှောက်ရန် ဖိလစ်ပိုင် ကက်သလစ် ဘုန်းတော်ကြီးများ တိုက်တွန်း

ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ အရှက်တရားမဲ့သော ဝတ်စားဆင်ယင်မှုနှင့် လိင်အသာပေး ဖျော်ဖြေတင်ဆက်မှုတို့ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် ယခုသီတင်းပတ်၌ ကျင်းပပြုလုပ်မည့်  မက်ဒေါနား ၏ ဖျော်ဖြေပွဲကို သပိတ်မှောက်ကြရန် ကက်သလစ် ဘုန်းတော်ကြီးက တိုက်တွန်းခဲ့သည်။

အသက် ၅၇ နှစ်အရွယ်ရှိ မက်ဒေါနားသည် ၎င်း၏ ၁၃ကြိမ်မြောက် စတူဒီယိုအယ်လ်ဘမ် အရောင်းမြှင့်တင်ရေးအတွက် “Rebel Heart” ကမ္ဘာလှည့်ဖျော်ဖြေပွဲ အာရှခရီးစဉ်အတွက် ဖိလစ်ပိုင် နိုင်ငံသို့ ရောက်ရှိနေသည်။ မက်ဒေါနားသည် ဖိလစ်ပိုင်နိုင်ငံတွင် ဗုဒ္ဓဟူးနေ့နှင့် ကြာသပေးနေ့တို့တွင် ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

ခန့်မှန်းခြေအားဖြင့် လွန်ခဲ့သည့်တစ်နှစ်က ဖိလစ်ပိုင်ပြည်သူများကို ပုပ်ရဟန်းမင်းကြီး ထောက်ပံ့မှုများပေးခဲ့သည့် မနီလာမြို့ရှိ ခန်းမတွင် မက်ဒေါနား၏ ဖျော်ဖြေပွဲ ကျင်းပပြုလုပ်မည် ဖြစ်သည်။

“ဘာကြောင့် ကက်သလစ်ဘာသာဝင် ဖိလစ်ပိုင်ပြည်သူတွေက ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဒီလို အပြုအမူတွေကို လုပ်မှာလဲ။ ဘုရားသခင်ကို ချစ်မြတ်နိုးတဲ့သူတွေက အကုသိုလ် အလုပ်တွေကို ရှောင်ရှားသင့်တယ်” ဟု မနီလာတောင်ပိုင်း လီပါမြို့နယ်ပိုင် ဘုန်းတော်ကြီး ရာမွန်အာဂူလ်လက်စ်က တိုက်တွန်းခဲ့သည်။

မက်ဒေါနား၏ ကိုယ်စားလှယ်များသည် အဆိုပါ မှတ်ချက်ပြု ပြောကြားချက်များကို တုံ့ပြန်ပြော ကြားခြင်း မရှိကြောင်းနှင့် မက်ဒေါနားသည် ကက်သလစ်ပိုင် မိဘမဲ့ ကလေးများအကြောင်းကို အလည်ပတ် သွားရောက်ခဲ့ပြီး ယင်းအတွေ့အကြုံများကို Instagram တွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly