NLD အမတ်တင်သွင်းသည့် အရေးကြီး အဆိုကို အစိုုးရတာဝန်ရှိသူများ လာရောက်ရှင်းလင်းခြင်းမရှိ

NLD အမတ်တင်သွင်းသည့် အရေးကြီး အဆိုကို အစိုုးရတာဝန်ရှိသူများ လာရောက်ရှင်းလင်းခြင်းမရှိ

နေပြည်တော်၊ဖေဖော်ဝါရီ ၂၅ ။          ။ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ( NLD) ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အစိုးရ ကူညီရန် အရေးကြီးအဆိုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီး ၊ ဒုဝန်ကြီးများမှ လာရောက်ရှင်းလင်းခြင်းမရှိခဲ့သည်ကိုတွေ့ရသည်။

NLD အမတ်တင်သွင်းခဲ့သည့် အရေးကြီးအဆိုအပေါ် တိုင်းရင်းသားပါတီ ၊ ပြည်ခိုင်ဖြိုးပါတီ နှင့် တပ်မတော်သား အမတ် ၂၃ ဦးမှ အကြံပြု ဆွေးနွေးခဲ့ပြီးနောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရှင်းလင်ရန်အစီအစဉ်တွင် ဝန်ကြီးဌာန ၁၃ ခုနှင့် ကော်မရှင် တစ်ခုလာရောက်ရှင်းလင်းရန်လွှတ်တော်မှ စီစဉ်ထားရှိခဲ့သော်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများလွှတ်တော်သို့ မလာ ရောက်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကပြောသည်။

“ ယနေ့သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း လာရောက်ခြင်းမရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေ နှင့် အညီ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ် ” ဟု ဦးဝင်းမြင့် ကလွှတ်တော်တွင် ပြောကြား ခဲ့သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၁ ရက်မြောက်နေ့အထိ ပါတီသုံးခုဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီမှ အမတ်မှ အရေးကြီးအဆိုတစ်ခု ၊ ပြည်ခိုင်ဖြိုးပါတီအမတ် မှ အရေးကြီးအဆို တို့ကို အစိုးရအဖွဲ့မှ လာရောက်ရှင်း လင်းပြောဆိုခဲ့သော်လည်း  NLD ပါတီ မှ အမတ် တင်သွင်းသည့် အရေးကြီးအဆို ကို ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ လွှတ်တော်သို့ လာရောက်ရှင်းလင်းမှု မရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly