ပင်လယ်စာဟင်းပွဲထဲက ကျောက်မျက်တန်းဝင်ပုလဲ စားသုံးသူအမျိုးသမီး တွေ့ရှိ

ပင်လယ်စာဟင်းပွဲထဲက ကျောက်မျက်တန်းဝင်ပုလဲ စားသုံးသူအမျိုးသမီး တွေ့ရှိ

ဖေဖော်ဝါရီ ၂၅ ။            ။ သွားနဲ့ကိုက်မိတော့မလိုဖြစ်တဲ့ မာကျောတဲ့အရာဝတ္ထုတစ်ခုကို ထုတ်ယူပြီးကြည့်လိုက်တော့ အမေရိကန်ဒေါ်လာ 600 တန် ပုလဲတစ်လုံးဖြစ်နေခဲ့တယ်လို့ ခင်ပွန်းနဲ့အတူညစာထွက်စားတဲ့ ဝါရှင်တန်က အမျိုးသမီးတစ်ဦးကပြောပါတယ်။

ပါးစပ်ထဲမှာ တစ်ခုခု ထူးခြားနေတယ်လို့ခံစားမိတဲ့အချိန်ကသူမရဲ့ခင်ပွန်းခရစ်နဲ့အတူ Issaquah မှာရှိတဲ့ MontalcinoRistorante အီတာလျံစားသောက်ဆိုင်မှာ ညစာစားသောက်နေခဲ့တာဖြစ်တယ်လို့ Lindsay Haszကပြောခဲ့ပါတယ်။

ကျွန်မခုံးကောင် ကမာကောင်တွေကို ဝိုင်ဖြူ၊ လီမွန်ဆော့တွေနဲ့ချက်ထားတဲ့ အီတာလျံပင်လယ်စာတစ်ပွဲမှာခဲ့တယ်။ စားနေတုန်းတစ်ဝက်လောက်မှာ မာကျောတဲ့အရာတစ်ခုကိုက်မိတော့ သွားကျိုးမတတ်ဖြစ်သွားတယ်။ သိပ်ကို မာနေတယ်လို့ Hasz က the Seattle Times သတင်းစာကိုပြောခဲ့ပါတယ်။

ကျမကိုက်မိတဲ့အရာကိုထွေးထုတ်ခဲ့တယ်။ အဲဒါ ပုလဲတစ်လုံးလိုလို ဆင်တူနေတယ်လို့ Hasz က ပြောခဲ့ပါတယ်။

''အဲဒါဟာ စားဖိုဆောင်ဝန်ထမ်းတစ်ဦးရဲ့ နားကပ်ဖြစ်ပြီး ဟင်းပွဲထဲကိုကျခဲ့တာဖြစ်မယ်လို့  တွေးမိခဲ့တယ်'' လို့လည်း Haszက KOMO TV ကိုပြောခဲ့ပါတယ်။

သူမကအဲဒီပစ္စည်းကိုအိမ်ကိုကောက်ယူလာခဲ့တယ်။ အဲဒါဟာခရမ်းဖျော့ရောင်အလုံးတစ်လုံးလို့သတိထားမိတဲ့အချိန် မှာမနေနိုင်လောက်အောင်သိချင်စိတ်ပြင်းပြလာခဲ့တယ်လို့ဆိုပါတယ်။

ဒီပုလဲအကြောင်းgoogleမှာကြည့်လိုက်တဲ့အခါ Quahog ပုလဲလို့ခေါ်တဲ့ ထူးခြားတဲ့ပုလဲအမျိုးအစားဖြစ်နေတာကိုတွေ့ခဲ့ရတယ်။ အဲဒီပုလဲကအရမ်းရှားပါးတယ်။ တချို့  အွန်လိုင်းမှာတင်ပြီးရောင်းတာ   ဒေါ်လာထောင်နဲ့ချီပေးရတယ် ဆိုတာတွေ့ခဲ့တယ်လို့ Hasz က ဆိုပါတယ်။

Hasz က ပုလဲကို Bellevue ၊  နော့ဝစ် ဘူမိဗေဒဓာတ်ခွဲခန်းက  Ted Irwin ထံ ယူဆောင်သွားပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။

''ပုလဲက လုံးဝန်းပြီး အနာအဆာကင်းလွန်းလို့ တစ်ယောက်ယောက်ကကျမကိုနောက်နေတာဖြစ်မယ်လို့ Irwin က ထင်နေပါတယ် '' လို့လည်း Hasz က ပြောပါတယ်။

Irwin ကလည်း အစမှာတော့ သူကိုယ်တိုင်က သံသယဝင်နေခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

''ငါ့ရဲ့လုပ်သက် 35 နှစ်အတွင်းမှာအခုလိုကိစ္စမျိုးကြားခဲ့ဖူးပေမယ့်လည်း နောက်ဆုံးမှာ ဘာမှမဟုတ်တာ တွေ့ရတယ်'' လို့ Irwin က ပြောတယ်။

ဒါပေမယ့်လည်း ဒီပစ္စည်းဟာကျောက်မျက်တန်းဝင်  Quahog ပုလဲဖြစ်တယ်ဆိုတာ Irwin က အတည်ပြုနိုင်ခဲ့တယ်။

ပုလဲရဲ့ ၁ ကာရက်တန်ဖိုးဟာအမေရိကန်ဒေါ်လာ 600 ခန့်ရှိတယ်လို့ Irwin က ခန့်မှန်းခဲ့ပါတယ်။

အခုဆိုရင် သူတို့ရဲ့ အလုပ်သမားတွေဟာ မီးဖိုချောင်ကို ဖြတ်သန်းသွားတဲ့ ကမာကောင်မှန်သမျှကို မလွတ်တမ်းကြည့်ရှုပြီး ပုလဲရှာနေကြပြီလို့ Montalcinoဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ Fernando နဲ့ Cindy Nardoneတို့က ပျက်လုံးထုတ်နေကြတယ်လို့ ဆိုပါတယ်။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly