October 1
မဇ္ဈိမ။ ။ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ် (PDF) ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးသပိတ်ကို ယနေ့ အောက်တိုဘာ ၁ ရက် နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဆန္ဒပြပြည်သူများသည် "KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီး ထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်" စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။
စာတည်း။ ။မောင်ကောင်း