အစိုးရတာဝန် မလွဲပြောင်းမီ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းနေမှုများ စီစစ်ဟန် ့တားရန်အရေးကြီးအဆိုတင်

အစိုးရတာဝန် မလွဲပြောင်းမီ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းနေမှုများ စီစစ်ဟန် ့တားရန်အရေးကြီးအဆိုတင်

နေပြည်တော်၊ဖေဖော်ဝါရီ ၂၅ ။             ။ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရသည် ရွေးကောက်ပွဲနှောင်းပိုင်း အစိုးရတာဝန်မလွှဲပြောင်းမိ နိုင်ငံပိုင်မြေများကို ပုဂ္ဂလိကပိုင်အဖြစ်လွှဲပြောင်းနေမှု များကို စိစစ်ဟန့်တားမှုပြုလုပ်ရန် ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။

ဒုတိအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးစတင်ပြီး ၁၂ ရက်အကြာတွင် လေးခုမြောက် အရေးကြီးအဆိုအဖြစ် ယင်းအဆိုအား ယနေ့ကျင်းပသည့် ပြည်သူ့လွတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုမှာ " နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရက်နေသော နိုင်ငံပိုင်မြေ ၊နိုင်ငံပိုင်စက်ရုံများ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အလျင်စလိုငှားရမ်းရောင်းချလွှဲပြောင်းမှု ပုဂ္ဂလိက ပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံပဲ အစောတလျင် ခွင့်ပြုပေးနေမှု၊ ကျူးကျော်များကို အဓ္ဓမ ဖယ်ရှားခိုင်းမှု နိုင်ငံပိုင်သယံဇာတများကို ဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွှဲပြောင်းမီ စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော် နိုင်ငံသား အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" ဒေါ်ခင်စန်းလှိုင်က အဆိုတင်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly