ဘေလ်ဘုတ်ဇယားတွင် နောက်ထပ်တစ်ကြိမ် ပထမနေရာရရှိခဲ့တဲ့ အဒဲလ်၏ “25” တေးသီချင်းအယ်လ်ဘမ်

ဘေလ်ဘုတ်ဇယားတွင် နောက်ထပ်တစ်ကြိမ် ပထမနေရာရရှိခဲ့တဲ့ အဒဲလ်၏ “25” တေးသီချင်းအယ်လ်ဘမ်

ဗြိတိန်အဆိုတော် အဒဲလ်၏ “25” တေးသီချင်းအယ်လ်ဘမ်သည် ဘေလ်ဘုတ်ဇယားတွင် နောက်ထပ်တစ်ကြိမ် နံပါတ်တစ်နေရာကို ရရှိခဲ့သည်။

အဒဲလ်၏ “25” တေးသီချင်းအယ်လ်ဘမ်သည် ထွက်ရှိခဲ့ပြီးနောက် သုံးလအကြာတွင် ဘေလ် ဘုတ်ဇယားတွင် နံပါတ်တစ်နေရာကို နောက်တစ်ကြိမ် ပြန်လည်ရရှိခဲ့သည်။ အဒဲလ်သည် အော်စကာ ဆုပေးပွဲတွင် ဖျော်ဖြေရာ၌ အသံပြဿနာနှင့် ရင်ဆိုင့်ခဲ့ရပြီးနောက် နောက်တစ်နေ့လုံး ငိုနေခဲ့ကြောင်း အဒဲလ်က ဝန်ခံ ပြောကြားခဲ့သည်။

သို့ရာတွင် အဒဲလ်၏ “25” တေးသီချင်းအယ်လ်ဘမ်သစ် ရောင်းချရမှုအပေါ် ထိခိုက်မှုမရှိ ကြောင်းနှင့် တေးသီချင်းအယ်လ်ဘမ်နှင့် တေးသီချင်း ရောင်းချရမှုများသည် ၁၅၁၀၀၀ ရှိခဲ့ခြင်း ကြောင့် နံပါတ် ၂ နေရာမှ နံပါတ်တစ်နေရာကို ရရှိခဲ့သည်။

“25” တေးသီချင်း အယ်လ်ဘမ်သည် ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် အချပ်ရေ ၈ ဒသမ ၃ သန်း ရောင်းချခဲ့ရသည်။ အဆိုပါ တေးသီချင်း အယ်လ်ဘမ်တွင် ဂရမ်မီဆုပေးပွဲ၌ သီဆိုခဲ့ သော “All I Ask” တေးသီချင်းလည်း ပါဝင်သည်။

အဒဲလ်သည် “All I Ask” တေးသီချင်းကို ဂရမ်မီဆုပေးပွဲတွင် စန္ဒယား တစ်လုံးတည်း၏ အကူ အညီဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ရာမှ စန္ဒယားကြိုးများပေါ်သို့ မိုက်ကရိုဖုန်း ပြုတ်ကျခဲ့ခြင်းကြောင့် အသံပြဿာနာ တတ်ခဲ့ပြီး ၎င်း၏ ဖျော်ဖြေတင်ဆက်မှုကို ထိခိုက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly