ရွှေပြည်သာမြို့နယ် အမှတ်(၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ရွှေပြည်သာမြို့နယ် အမှတ်(၂၀) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

September 27

ရန်ကုန်(မဇ္ဈိမ)။။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံအား စက်တင်ဘာ ၂၆ ရက် ည ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့ပြပြောက်ကြားအဖွဲ့ထံမှ တစ်ဆင့်သိရသည်။

“အုပ်ချုပ်ရေးပစ်မှတ်အဖြစ် ရွှေပြည်သာ (၂၀) ရပ်ကွက်ရုံးကို ည ၈ နာရီမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်၊ လူထိခိုက်မှုရှိနိုင်ပါတယ်၊

ရဲဘော်တွေအားလုံးဘေးကင်းပါတယ်။” ဟု တိုက်ခိုက်မှုပြုလုပ်ရာတွင်ပါဝင်သော Yangon Urban Gurrilla Army အဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေပြည်သာမြို့နယ်) နှင် Yangon Urban Gurrilla Army YUGA(MO 7 Eagle) တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရွှေပြည်သာ (၉) ရပ်ကွက်၊ ဏ - ကွေ့၌ စစ်ကားအသေးတစ်စီးရပ်ကာ မော်တော်ယာဉ်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့နောက်တွင်မူ ည ၈ နာရီ ၄၀ မိနစ်တွင်တစ်ကြိမ်၊ ည ၉ နာရီ ခန့်တွင် တစ်ကြိမ် ရွှေပြည်သာမြို့နယ်တွင်း၌ ပေါက်ကွဲသံများထွက်ပေါ်ခဲ့သေးကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရွှေပြည်သာမြို့နယ်

#YangonUrbanGurrillaArmy

#အုပ်ချုပ်ရေးမှူး

#ပေါက်ကွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly