ပြည်သူ ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကိုယ်စားလှယ်များကို ပထမဆုံးအကြိမ်သတိပေး

ပြည်သူ ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကိုယ်စားလှယ်များကို ပထမဆုံးအကြိမ်သတိပေး

နေပြည်တော်၊ဖေဖော်ဝါရီ ၂၄ ။          ။ ဝိုင်းမော်မြို့နယ်ပြည်သူ့လွှတ်တော် အမတ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် အရေးကြီးအဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် သင့်မသင့် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲ ၂၀ မဲပျောက်နေသည့်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပထမဆုံးအကြိမ် သတိပေး ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ  ၂၄ ရက်နေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအားမဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်အမတ်ဦးရေ ၄၂၆ ဦးရှိသည့်အနက် ၂၀ ဦး၏ ဆန္ဒမဲများပျောက်ဆုံးနေခြင်းဖြစ်သည်။

“ အစည်းအဝေးတက်ရောက်သူ ၄၂၆ ဦးရှိပါတယ် ၊ အခုမဲပေးတဲ့အခါမှာ မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦးတွေ့ရှိပါတယ် ၂၀ ပျောက်နေပါတယ် ၊ ၂၀ ပျောက်နေတာက ကော်မတီအစည်းအဝေး   တွေရှိလို့သွားသလား ၊ ကိုယ့်ဘာသာသွားသလား ကျွန်တော်တို့အလေးအနက်ထားရပါမယ်"ဟု ဦးဝင်းမြင့်က လွှတ်တော် အစည်းအဝေးတွင်ပြောသည်။

ကော်မတီအစည်းအဝေးတိုင်းသည် နေ့လည်ပိုင်းတွင်ပြီးလေ့ရှိသည့်အတွက် ညနေ လေးနာရီခွဲအထိ အလုပ်လုပ်နိုင်ကြောင်း ဦးဝင်းမြင့်က ထောက်ပြပြောဆိုသည်။

ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၏ အရေးကြီးအဆိုအား လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၅၇ မဲ ၊ ကန့်ကွက်သူ ၁၀ မဲ ကြားနေ ၅ မဲ ရရှိခဲ့ပြီး စုစုပေါင်း ဆန္ဒမဲပေးခွင့် ရှိသူ ၄၀၆ ဦးအနက် ၃၇၂ ဦး ဆန္ဒမဲပေးခဲကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly